Unicode
I have fallen in love with my spouse!
Chapter.9
တည်တံ့နဲ့မိုးဇေတို့ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ နှစ်ယောက်သားကခပ်ကင်းကင်းဖြစ်သွား၍ ကျန်တဲ့လေးယောက်ကပဲသူတို့ကိုကြားထဲကနေစေ့စပ်ပေးဖို့ကြိုးစားရတော့သည်။
ထို့ကြောင့် တည်တံ့ရုံးပိတ်ရက်မှာ သူတို့တွေမိုးဇေကိုခေါ်ပြီးတည်တံ့ရဲ့အိမ်သို့ရောက်လာကြလေ၏။
''တည်တံ့ ငါတောင်းပန်တယ်နော်...မင်းကိုအရင်မပြောဘဲနဲ့ အသည်းကိုတိုက်ရိုက်ပြောလိုက်လို့''
သူကတောင်းပန်နေမှတော့ တည်တံ့လည်းစိတ်ကိုလျှော့ချပစ်လိုက်၏။
''ရပါတယ်...ငါလည်းလွန်ခဲ့တာပဲ...နောက်တစ်ခါသာထပ်မဖြစ်စေနဲ့''
သူတို့ကရေကူးကန်နားမှာထိုင်နေကြတာမို့ ကာရန်ကရေကူးကန်ကိုကြည့်ကာ...
''ရေကူးကန်ကြီးကအကျယ်ကြီးပဲနော်...pool partyလုပ်လိုက်ရရင်မိုက်မှာ''
''အေးနော်...ဟဲ့တည်တံ့...ငါတို့ခြောက်ယောက်pool partyလုပ်ရအောင်လေ''
ထိုအခါဇေယျာက...
''အသည်းကိုဘယ်သွားထားမှာလဲနင်ကလည်း''
''သူ့ကိုဘာလို့ခေါ်နေမှာလဲ...သူကဒါမျိုးတွေနဲ့မှမဖြစ်တာ''
''ဟုတ်သားပဲ...အသည်းကအူချာချာကောင်မလေးရယ်''
''ဒါပေမယ့်သူကခိုင်းလို့တော့အရမ်းကောင်းတာနော်...အင်းလေ တည်တံ့မျက်နှာနဲ့ကိုး...သူကငါတို့နှပ်သမျှကိုခံရှာတယ်...ခစ်ခစ်''
ကာရန်နဲ့မေသစ်တို့ပြောနေတာတွေကို အသည်းအကုန်ကြားလိုက်ရသည်။
မမြသက်က ကိုကြီးတို့ဆီစားစရာတွေသွားပို့ဖို့ပြင်နေ၍ အသည်းကမမြသက်ကိုယ်စားအခုလိုရောက်လာရတာပါ။
သူတို့ကဘယ်တုန်းကတည်းကအသည်းကိုအခုလိုမျိုးလှောင်ပြောနေခဲ့ကြတာလဲ။
ပြီးတော့ကိုကြီးကသူမဘက်ကနေဘာမှမပြောပေးခဲ့တာကိုအသည်းစိတ်အရမ်းဆိုးမိသည်။
ခင်ပွန်းတစ်ယောက်အနေနဲ့ကိုယ့်ဇနီးကိုတော့ကာကွယ်ရမယ်မလား။
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်