Chapter.24

20.3K 434 16
                                    

Unicode

I have fallen in love with my spouse!

Chapter.24

အသည်းရဲ့ဆုံးဖြတ်ချက်​​တွေမှားသွားတယ်။

တစ်ကယ်ဆိုရင် အသည်းဒီကိုမလာသင့်ဘူး။
ကိုမိုးဇေ​ပြောတာတစ်ကယ်မဟုတ်ဘူးလို့စိတ်ကိုတင်းခံပြီး ကိုကြီးကိုပဲတစ်ချိန်လုံးယုံကြည်နေခဲ့ရမှာ။

အဲလိုသာဆို သူမရဲ့နှလုံးသားကနာကျင်နေရမှာမဟုတ်ဘူး။

''တည်တံ့...ဟဲ့ တည်တံ့...နင်ထစမ်း!!''

မမြသက်ကသူ့ကိုအတင်းလှုပ်နှိုး၍ တည်တံ့အိပ်ပျော်နေရာမှနိုးလာရသည်။

သူမျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ အသည်းကသူ့ကိုမျက်ရည်တွေနဲ့ရပ်ကြည့်နေပြီး အသည်းနဲ့အတူ ​မမြသက်နဲ့မိုးဇေကိုပါတွေ့လိုက်ရတာကြောင့် သူအိပ်ရာကနေကုန်းရုန်းထလိုက်လေ၏။

''အသည်း...မိုးဇေ...မင်းကဘယ်ကနေ...''

သူစကားကိုထိုနေရာမှာရပ်လိုက်သည်။

ဘာလို့ဆို သူ့ဘေးမှာတစ်ယောက်​ယောက်ရှိနေတယ်လို့ခံစားလိုက်ရလို့ပါ။

သူဘေးကိုလှည့်ကြည့်တော့ သူထင်တဲ့အတိုင်းပါပဲ။

''ဟင်!...မိုးနှင်းဆီ''

သူမကအခုမှနိုးလာဟန်နဲ့ အိပ်ရာကနေလွန့်လူးပြီးမျက်လုံးကိုဖွင့်ကြည့်လာလေသည်။

''မင်းဒီကိုဘယ်လိုရောက်နေတာလဲ!''

သူမကမဖြေ။

''တည်တံ့...မင်းဘာလို့အခုလိုလုပ်ရတာလဲ..အခုအသည်းမှာမင်းနဲ့...''

မြသက်စကားမဆုံးခင်မှာပဲ အသည်းကသူမလက်မောင်းကိုဆွဲလိုက်လေ၏။

''မမြသက်...မပြောပါနဲ့တော့...သူသိစရာမလိုတော့ဘူး''

တည်တံ့ကကုတင်ပေါ်ကဆင်းလိုက်ပြီး အသည်းရဲ့လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်၍...

''အသည်း...ဒါအသည််းထင်သလိုမဟုတ်ဘူး...ဒီကိစ္စကိုကိုယ်မသိဘူးအသည်းရဲ့''

''ဒီလောက်လက်ပူးလက်ကြပ်မိနေတာတောင်မှငြင်းချင်သေးတာလား''

''မဟုတ်ဘူးအသည်း...ဒါကိုယ်တမင်ချောက်ချခံရတာ...ကိုယ့်ကိုအထင်မလွဲပါနဲ့ကွာ...စိတ်အေးအေးထားပြီးကိုယ်ပြောတာကိုနားထောင်ပေးပါ''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now