Final Chapter

17.7K 342 9
                                    

Unicode

I have fallen in love with my spouse!

Chapter.30(Final)

''တီတီ''

''ဟော...မောင်ဥက္ကာ...အိမ်အလည်လာတာလားသား''

''ဟုတ်တီတီ''

အသည်းကဥက္ကာအား သူမပေါင်ပေါ်သို့ဆွဲတင်လိုက်လေ၏။

ဥက္ကာနဲ့အတူပါလာတဲ့ဇင်ကိုလတ်က...

''အသည်းဆီမလာရရင်ထမင်းမစားဘူးဆိုပြီးဂျစ်တိုက်နေလို့ခေါ်လာရတာ''

ဟူ၍ အသည်းနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်လေသည်။

ထိုအခိုက်ကိုကြီးကသူမအတွက်နွားနို့နဲ့မုန့်တွေယူပြီး ဧည့်ခန်းထဲသို့ရောက်လာကာ သူမပေါ်မှာထိုင်နေတဲ့ဥက္ကာကိုမြင်တော့...

''ဪ...မျောက်မူးလဲရောက်နေတာကိုး''

''အဲ့မုန့်ကသားသားတွက်လား''

သူကမုန့်ပန်းကန်တွေကိုစားပွဲပေါ်တင်လိုက်တော့ ဥက္ကာကထိုမုန့်တွေကိုလက်ညှိုးထိုးပြပြီးမေးလာ၏။

''ဖြစ်ရသေးတယ်...ငါ့မိန်းမအတွက်ကွ...ငါ့မိန်းမဗိုက်ထဲမှာကလေးသေးသေးလေးရှိနေပြီ...သူအားရှိအောင်ဒီမုန့်တွေကျွေးရမှာ''

''အသည်းမှာကိုယ်ဝန်ရှိနေပြီလား''

ဇင်ကိုလတ်ကမေးလာခြင်းပင်။

''ဟုတ်တယ်ကိုဇင်လတ်...သုံးလပြည့်တော့မယ်''

''ဝမ်းသာပါတယ်နော်''

''ကျေးဇူးပါပဲ''

''တီတီ တီတီ...က​လေးသေးသေးလေးက သားသားလိုဂွေးဥလေးနဲ့လား''

''ဘယ်လိုလုပ်သိရဦးမှာလဲသားရဲ့ အခုမှပိစိသေးသေးလေးပဲရှိသေးတာ''

''ဒီကောင်ကတော့ဘာတွေမေးနေမှန်းမသိဘူး...လာ အိမ်ပြန်မယ် ထမင်းသွားစားမယ်...လာ''

''ဟုတ်...တီတီ သားသားသွားပြီနော်''

''ဟုတ်ပါပြီ''

ဇင်ကိုလတ်တို့တူဝရီး အိမ်ထဲကထွက်သွားသည်နှင့် ကိုကြီးကစားပွဲပေါ်ကကိတ်မုန့်ပန်းကန်လေးကိုလှမ်းယူပြီး သူမကိုခွံ့ကျွေးလာလေသည်။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now