Part 1

22.4K 729 1
                                    

" တီ တီ., တီတီ"
! Wah!!!!!
Luhan နှိုးဆက်အော်သံကြောင့်မထချင်ဘဲထလာသည်.
"ဘယ်အချိန်ရှိပြီလဲမသိဘူး"
အချိန်ကိုသိချင်သောကြောင့်Luhan နာရီကိုလှမ်းကြည့်လိုက်သည်
"အမလေး!!!!!ရှစ်နာရီတောင်ခွဲနေပြီ?
ငါတော့သေတော့မှာပဲ ဒီနေ့ကျောင်းစတက်ရမယ့်နေ့ကို တော်တော်အသုံးမကျတဲ့ကောင် ဟင်း"
Luhan ကိုယ့်ခေါင်းကိုထုရင်းကျောင်းသွားရန်ကမန်းကတန်းလုပ်ရလေတော့သည်.

ဒီလိုနဲ့ "အမလေး တော်ပါသေးရဲ့ ကျောင်းမတက်သေးလို့ မောလိုက်တာနော်" ဒီနေ့သည်luhan အထက်တန်းနောက်ဆုံးနှစ်ကျောင်းစတက်သောနေ့ဖြစ်သည်

Luhan's pov
ကျွန်တော်ကျောင်းစတက်ရတော့အရမ်းပျော်မိတယ် ဒါပေမဲ့တစ်ဖက်ကကြည့်တော့ဝမ်းနည်းမိတယ်ဗျ ကျွန်တော်ကဆင်းရဲတဲ့သူလည်းမဟုတ်ပါဘူး
ရုပ်ရည်ကြည့်ရင်လည်းတောက်ပတဲ့မျက်ဝန်းတွေပိုင်ဆိုင်ထားတဲ့ကျွန်တော်အတွကရုပ်ရည်ကညြ့်ပျော်ရှုပျော်ရှိတာပေါ့ဗျာ
အဲ့လိုဖြစ်နေပါရက်နဲ့ကျွန်တော့်မှာသူငယ်ချင်းမရှိဘူးဗျ ဘယ်ရှိပါ့မလဲ ခန္ဓာကိုယ်က မိန်းကလေးကိုယ်လုံးနဲ့နင်လားငါလား ကျွန်တော့်ကိုမိန်းကလေးဆိုပြီးရိသဲ့သဲ့လုပ်တဲ့လူတွေလည်းရှိတယ်ဗျ အော် တစ်ခုမေ့ခဲ့လို့ ကျွန်တော်တက်နေတဲ့ကျောင်းကယောကျာ်းလေးကျောင်းကိုး !!!!!

ကျွန်တော့မွေးမိခင်ကမိန်းကလေးတွေနဲ့ရှုပ်ရှုပ်ရှပ်ရှပ်ဖြစ်မှာစိုးလို့တဲ့ကျောင်းတောင်ယောကျာ်းလေးကျောင်းထားတယ်လေ
အဲ့တာတွေစိတ်ညစ်တာပေါ့ဗျာ ကျွန်တော်ကိုယ်တိုင်ကSamnamja လို့အသံကောင်းဟစ်နေပြီးတော့ မိနါးကလေးလိုအစခံရတာတော်တော်စိတ်ညစ်ဖို့ကောင်းတယ်
ဟူး ဒီနှစ်လည်းဘယ်လိုကျော်ဖြတ်ရမလဲမသိပါဘူး

Luhan စာသင်ခန်းထဲသို့ဝင်လာလိုက်သည် ဆရာမရောက်သေးသောကြောင့်မှောက်အိပ်နေလိုက်သည်
10minutes later.
ဆရာဝင်လာသည် ဆရာ့အနောက်တွင်ကျောင်းသားသုံးယောက်ပါလာသည်

Luhan's prov
ဆရာဝင်လာတော့ကျောင်းသားအကုန်လုံးနှုတ်ဆက်ကြတယ် ကျွန်တော်တွေ့လိုက်တာကျောင်းသားသုံးယောက်ဝင်လာတယ် ကျောင်းသားသစ်တွေထင်ပါရဲ့
သုံးယောက်လုံးချောလိုက်တာဗျာ ကျွနါတော်နဲ့များကွာပါ့
အဲ့သုံးယောက်ထဲမှာ ပထမဆုံးတစ်ယောက်က
" hi I'm baekhyun.Nice to meet you"
အမလေး အင်္ဂလိပ်လိုနှုတ်ဆက်နေသေးတယ် ငါလည်းလည်းပြောတတ်ပါတယ်နော်
ဒါပေမဲ့baekhyun ဆိုတဲ့တစ်ယောက်ကEyelinerနဲ့တော်တော်ချစ်ဖို့ကောင်းပါတယ်ဗျ နောက်တစ်ယောက်က
" Hi I'm Chanyeol" သူကတော့ရှိသမျှ32ချောင်းဖြီးပြီတော့နှုတ်ဆက်နေတယ် အရှည်ကလည်းရှည်ပါ့
နောက်ဆုံးတစ်ယောက်ကတော့
"hi I' m sehun "
သူကတော့ဂျစ်တီးဂျစ်ကန်ရုပ်ဗျ ဒါပေမဲ့မေးရိုးထင်ထင် အရပ်ကလည်းရှည်
လွယ်အိတ်ကိုတစ်ဖက်တည်းလွယ်ထားတယ် အဓိကကတော့စူးရှလှတဲ့သူ့မျက်ဝန်း ချုံ့ပြောရရင် တော်တော်ယောကျာ်းဆန်ပြီးခန့်တယ်ဗျ
အမလေး luhan မင်းယောကျာ်းလေးတစ်ယောက်ကိုစူးစမ်းနေတာလား ? ရူးနေပြီးလား ကိုယ့်ခေါင်းကိုထုလိုက်ခေါက်ရမ်းလိုက်လုပ်နေမိသည်

Sehun နှုတ်ဆက်ပြီးပြီအတန်းကိုဝှေ့ကြည့်လိုက်ရာ ကိုယ့်ခေါင်းကိုထုလိုက်ခေါင်းရမ်းလိုက်လုပ်နေသောမိန်းကလေးမျက်နှာနဲ့ကောင်လေးကို စူးစိုက်ကြည့်နေမိသည်
"ကဲ သားတို့သုံးယောက် သွားထိုင်လို့ရပြီ
ကဲကဲ နားထောင်ကြ!! သူတို့သုံးယောက်ကအခုမှအမေရိကားကပြောင်းလာတာဆိုတော့ အားလုံးကူညီပေးကြ ကြားလား"
sehun ဆရာ့အသံကြောင့်မျက်စိလွှဲလိုက်တယ်

Sehun မိန်းကလေးမျက်နှာနဲ့ကောင်လေးဘေးမှာထိုင်လိုက်သည် သူလာထိုင်လို့လှန့်သွားပုံပင်
"HI I'm sehun and you ?
sehun အရင်နှုတ်ဆက်လိုက်သည် အရင်ကတော့အဲ့လိုအရင်မိတ်ဖွဲ့တာ sehun ရာဇဝင်တွင်မရှိ ဒါပေမဲ့သမင်မျက်ဝန်းလေးတွေနဲ့ကောင်လေးကိုဘာကြောင့်မှန်းမသိခင်ချင်နေမိသည်
luhan အတန်ငယ်ငေးမိပြီးမှ ပြန်နှုတ်ဆက်လိုက်သည်
"Hi I'm luhan"
sehun အနည်းငယ်အံ့သြသွားဟန်ဖြင့်ပြန်ပြုံးပြလိုက်သည်
sehun 's prov
"aww luhan ဆိုတာမင်းလား.( with devil smile)
To be continue part 2

sehunကဘာဖြစ်လို့ပြုံးလည်းမသိဘူးနော် ဟိ
ပထမဆုံးတေဲ့fic မို့အမှားပါရင်ခွင့်လွှတ်ပေးပါလို့ မိုးရေးတဲ့fic ကတခြားfic တွေနဲ့ဆင်နေရင်လည်းsorry ပါ ဒါမိုးရဲ့own fic စစ်စစ်ပါလို့ တူနေရင်လည်းပြောပြပေးပါနော် တတ်နိုင်သလောက်ရေးပေးပါမယ်နော်

Exo We are one!!!! I love exo

love trap(18+)Where stories live. Discover now