Part 16

8.4K 431 16
                                    

မနက်မိုးလင်းတော့ sehun သူ့ရင်ခွင်ထဲကိုတိုးဝှေ့ပြီးအိပ်နေတဲ့luhan ကိုကြည့်လိုက်သည် ဆံပင်ဘေးတွေကစုတ်ဖွားနဲ့နှုတ်ခမ်းကိုစူလိုက်ချွန်လိုက်နဲ့ sehun လည်းအသည်းယားတာနဲ့နှုတ်ခမ်းသားလေးကိုငုံ့နမ်းလိုက်သည်

ငုံ့နမ်းလိုက်လို့နဲ့တူပါတယ် luhan မျက်စိမပွင့်တပွင့်နဲ့ကြည့်လိုက်သဘ်

"sehun** အခု ဘယ်အချိန်ရှိပြီလဲဟင်"
အိပ်ချင်မူးတူးနဲ့ပြောနေတဲ့ luhan ကိုနာထိပ်လေးကိုဖွဖွဆွဲလိုက်သည်

"အခု7:30 ဖြစ်နေပါပြီ ကလေးရေ!"
"ဘာာာာ သွားပြီ သွားပါပြီ ကျောင်းတော့နောက်ကျပါပြီ အဲ့ဒါခင်ဗျားကြောင့်"
"ဟောဗျာ ဟုတ်ပါတယ် ကျတော်မျိုးကြောင့်ပါ"
"ဖယ်"

luhan sehun ကိုတွန်းလိုက်ပြီ ရေချိုးခန်းထဲကိုပြေးသွားလေရဲ့ oh sehun ကတော့ ခေါင်းတရမ်းရမ်းနဲ့ရယ်နေသည်

sehun ရယ်နေရင်းတွေးမိသွားသည် luhan company မှာအိမ်မက်ဆိုးပဲမက်တာလား အိမ်မက်ဆိုးမက်တယ်ဆိုရအောင်လည်း luhan ပုံစံကတော်တော်နဲ့အကြောက်ပြေပုံမရ

sehun luhan ရေချိုးခန်းထဲထွက်လာတော့မှသတိပြန်ဝင်တော့သည် ကျောင်းနောက်ကျနေပြီဆိုပြီးယောက်ဟက်ခက်နေလေရဲ့
sehunလည်း မနေသညတာနဲ့ luhan လက်ထဲမှအကျီင်္ကိုယူလိုက်ပြီး ဝတ်ပေးနေလိုက်သည်
"se sehun ရပါတယ် ကျ ကျနော့ဘာသာဝတ်ပါမယ်"
sehun မော့ကြည့်လိုက်တော့မျက်နှာလေးကပန်းရောင်လေးသန်းနေသည် နည်းနည်းပွသရောင်ရောင်ဖြစ်နေသော ဆံပင်လေးတွေကိုသပ်ပေးပြီး
" ကိုယ်လုပ်ပေးချင်လို့ပါ luရယ်"

luhan ထိုနေရာမှာတင် မျက်လုံးပြူးကြောင်ကြောင်လေးနဲ့ကြည့်နေပြီးတော့မှ ချောင်းတချက်ဟန့်လိုက်သည်
"အဟမ်း ဟို ကျနောကျောင်းနောက်ကျနေအြီ လိုက်ပို့ပေး ဒါပဲ!!!!"
ကိုယ်တော်လေးပြောချင်တာပြောပြီးဆင်းသွားလေရဲ့ Sehun လည်းအမှီလိုက်ရတော့တာပေါ့

ကားပေါ်ရောက်တော့ Sehun luhan ကို နွားနို့ဘူးနဲ့ပေါင်မုန့်ကိုလှမ်းပေးလိုက်သည် luhan ပြန်ကြည့်တော့
"lu breakfast မစားလာဘူးမလား ဗိုက်ဆာမှာစိုးလို့ ရော့"
luhan လည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ယူလိုက်သည်

love trap(18+)Where stories live. Discover now