Part 14

8.3K 442 2
                                    

luhan နေထိုးနေသောကြောင့်မထချင်ပဲထလာသည် မနေ့ကသူ sehun ကိုစောင့်ရင်းအိပ်ပျော်သွားတာပဲ အပြင်းဆန့်လိုက်ကာရေချိုးခန်းထဲကိုမျက်စိမပွင့်တပွင့်နဲ့လျှောက်သွားလိုက်သည် luhan မျက်နှာသစ်ပြီးတော့မနက်စာစားဖို့အောက်ဆင်းလာလိုက်သည် ထမင်းစားခန်းထဲမှာ sehun ကိုတွေ့တော့ luhan ရပ်သွားသည် မနေ့ကအဖြစ်ကိုတွေးမိရင် ရင်ထဲမှာတလှပ်လှပ်နဲ့ သူဘာဖြစ်လို့အဲ့လိုလုပ်မိမှန်းမသိ

အခုချိန်မှာတော့ sehun ကိုသူမမုန်းတော့ပေ စစတွေ့ချင်းကတည်းကစိတ်ဝင်စားခဲ့တယ်ဆိုပေမယ့် သူလိမ်ညာတာကိုခွင့်မလွှတ်ချင်ရုံသက်သက်ပါပဲ sehun သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာသူသိတာပေါ့ အဲ့တာကြောင့်မို့လဲ ခွင့်လွှတ်ဖို့သူကြိုးစားနေတာလေ

sehun မျက်နှာလေးပန်းရောင်သန်းနေသော luhan ကိုမြင်တော့လှမ်းခေါ်လိုက်သည်
" lu နိုးပြီလား လာလေ"

sehun ပြောရင်းluhan ထိုင်မဲ့ခုံလေးကို ဆွဲပေးလိုက်သည် luhan လည်းဘာမှမပြောပဲ ဝင်ထိုင်လိုက်သည် မနက်စာစားနေတဲ့အချိန်စကားတခွန်းမှမဟ မုန့်ကိုသာငုံ့စားနေတော့သည် sehun လည်းအနေခက်သောကြောင့် luhan ကိုစကားစလိုက်သည်

" ဟိုလေ lu!!"

"ပြော ပြောလေ"

" ကိုယ် နေ့လည်ကျရင် driver လွှတ်လိုက်မယ် ကိုယ်တို့နေ့လညိစာအတူစားရအောင်"

" lu ပြင်ထားလိုက်ပါမယ်"

ဟမ် luhan မင်းကိုမင်း lu လို့ခေါ်လိုက်တာလား samnamja image တော့ပျက်ပါပြီကွာ

ဟိ lu ကသူ့ကိုယ်သူ့lu တဲ့ oh sehun တို့တော့ ကံဇာတာတွေတက်လာ့ပီ ငိ ငိ

luhan ပြုံးစိပြုံးစိမျက်နှာနဲ့ sehun ကို တချက်ပဲ ကြည့်ပြီး အပေါ်တက်သွားလိုက်သည် အနောက်ကအော်သံကြားလိုက်ပါသေးတယ် ဘာတဲ့ လှလှလေးဝတ်ခဲ့နော်တဲ့ ငါကမိန်းကလေးလား ဟင်း ဘယ်လိုလူကြီးမှန်းမသိဘူး

but နေ့လည်စာစားဖို့ချိန်းထားတဲ့အချိန်လေးကိုတမျှော်မျှော်နဲ့ ဘာဝတ်ရမလဲဆိုတာခေါင်းစားနေတဲ့ သမင်ပိစိလေး တစ်ယောက်အလုပ်ရှုပ်နေလေရဲ့

နေလည်လည်းရောက်ရောဘဲလ်သံကြားလို့ luhan ဖွင့်ပေးလိုက်တော့ driver arjushi ရောက်နေတာပဲ luhan ခဏစောင့်ပေးလို့ပြောပြီ အပေါ်ကိုပြေးတက်သွားလေရဲ့ ခဏနေတော့ ပြန်ဆင်းလာပြီး
"arjushi သွားရအောင်"
အိမ်ကအလုပ်သမားတွေကတော့ပြုံးစိစိနဲ့ပေါ့ မသွားချင်ဘူးလည်းပြောသေးတယ် ပြင်ထားတာမှ ရေမွှေးတစ်ဘူးလုံးမှောက်ထားသလားပဲ luhan အခုလိုပျော်နေတာ ဒီအိမ်မှာပထမဦးဆုံးပဲလေ

love trap(18+)Where stories live. Discover now