Episode 1

2.2K 144 1
                                    

မိုးတွေတဖွဲဖွဲရွာနေတဲ့ ကျောင်းဖွင့်ချိန်ရဲ့ အစပေါ့~~~

နှစ်တိုင်း ဒီအချိန်ရောက်တာနဲ့ ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသားကျောင်းသူ အရွယ်စုံကို စတွေ့ ရပြီလေ။ အတန်းသစ် စတက်ရတဲ့နေ့ ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတိုင်းလိုလို ကျောင်းသွားဖို့ တက်ကြွနေကြတယ်လေ။
မူလတန်းတက်တဲ့နေ့ မှာပဲ ကျောင်းသားလေး တယောက်နဲ့ ကျောင်းသူလေးတယောက်ရဲ့ ဇာတ်လမ်းလေး အစပြုခဲ့ပါတယ်။

သူတို့ ၂ ယောက်စတွေ့ တဲ့ပုံလေးက ဘာမှမထူးခြားတဲ့ သာမန်အဖြစ်အပျက်လေးတခုပါပဲ။

အဲ့ဇာတ်လမ်းလေးရဲ့ အစက~~~

ကျောင်းစတက်တဲ့နေ့ ဖြစ်တဲ့အတွက် Suho ဆိုတဲ့ကောင်မလေးတယောက် အရမ်းကိုပျော်ရွှင်တက်ကြွနေပါတယ်။ သူတို့ စာသင်ခန်းထဲမှာ သူနဲ့ အရွယ်တူ ကျောင်းသားကျောင်းသူလေးတွေ အယောက် ၃၀ လောက်ရှိမယ်။ ကျောင်းစဖွင့်တဲ့ နေ့ ဆိုတော့ ကျောင်းသားမိဘတွေလည်း စာသင်ခန်းထဲမှာ ကြိတ်ကြိတ်တိုးနေတာပဲ။

Suho က သူနဲ့ ရွယ်တူ သူငယ်ချင်းဖြစ်လာမယ့် အတန်းဖော်တွေကို လိုက်ငေးနေတုန်း

"သမီးရေ လာထိုင်တော့ ဒီနေရာလေးက ပြတင်းပေါက်နဲ့ နီးတော့ အလင်းရောင်ရော လေကောင်းလေသန့် ရောရတယ်"

Suho လည်း သူ့ အမေ ပြတဲ့ ခုံနေရာလေးမှာ ထိုင်လိုက်တယ်။

သူ့ အမေ Baekhyun က သားငယ် Sehun ကို ချီထားရင်း

"သမီး omma ရွေးပေးတဲ့ နေရာလေးကို ကြိုက်တယ်မလား"

"nae omma သမီး ဒီမှာပဲထိုင်မယ်"

ထိုအချိန်မှာပဲ Suho ရဲ့ မောင်လေး Sehun က အော်ငိုတော့တယ်။

"အဟင့် အဟင့် အီးးဟီးးး"

Baek က ကလေးကိုချော့နေရင်း

"သမီးရေ သမီးမောင်လေးက လူတွေများလို့ ငိုတာထင်တယ် omma ခဏ အပြင်ခေါ်သွားလိုက်မယ် သမီးဒီမှာပဲထိုင်နေနော်"

"nae"

"hunnie လေး တိတ်တိတ် omma တို့ အပြင်ကိုသွားကြမယ်"

Baek က သားငယ်ကို ချော့မြူ ရင်း စာသင်ခန်းအပြင်ဘက်ကိုထွက်သွားတယ်။ Suho လည်းတယောက်တည်း ထိုင်ရတာပျင်းလာလို့ စာသင်ခန်းထဲ လျှောက်သွားပြီး ဟိုကြည့်ဒီကြည့်လုပ်နေတယ်။

You're My EverythingWhere stories live. Discover now