Episode 2
1K 124 6
"mama တို့ က သားပင်ပန်းမှာစိုးလို့ ပါကွယ် အိမ်ကကားနဲ့ လိုက်ပို့ ပေးတော့ သားတို့ သူငယ်ချင်းတွေ အားလုံးသက်သက်သာသာသွားလို့ ရတာပေါ့"
Xing တို့ သူငယ်ချင်းတွေ ကစားကွင်းသွားမလို့ ကို Xing ရဲ့ အမေ Xiumin က မလွှတ်မှာစိုးလို့  ရုပ်ရှင်သွားကြည့်မယ်လို့ ပဲ ညာပြောကြတာလေ။
ဒါတောင်မှ Xiumin က ရုပ်ရှင်ရုံကိုလိုက်ပို့ မယ်လုပ်နေလို့  Xing တို့ စိတ်လေသွားတယ်။
သူ့ အမေ Xiumin နဲ့ သူ့ အဖေ Chen တို့ ၂ ယောက်ထိုင်နေတဲ့ ဆိုဖာပေါ် အလယ်ကဝင်ထိုင်လိုက်ပြီး Xing တို့ သနားကမားရုပ်လေးနဲ့ အပီချွဲတော့သည်။
"mama ကလည်း…  သားက အထက်တန်းတောင်ဖြေပြီးနေပြီပဲ ကလေးမှမဟုတ်တော့တာ… ပြီးတော့ TAXI နဲ့ သွားမှာ ဘယ်လိုလုပ်ပင်ပန်းမှာလဲ ရုပ်ရှင်ကြည့်ရင်လည်း ငြိမ်ငြိမ်လေးထိုင်ကြည့်နေရုံပဲဟာကို mama တို့ စိုးရိမ်ရလောက်တဲ့အထိတော့ သားအခြေအနေမဆိုးသေးပါဘူး… စိတ်ညစ်လာပြီ baba သားသူငယ်ချင်းတွေနဲ့ သွားချင်တယ် ခွင့်ပြုပါနော် နော်လို့ "
"Xiu ရယ် သားစိတ်ချမ်းသာအောင် သွားခိုင်းလိုက်ပါကွာ ကလေးတွေလည်း လွတ်လွတ်လပ်လပ်သွားပါစေ သား စိတ်ညစ်နေပါဦးမယ်"
Xing က Su ကို မသိမသာလေး မျက်လုံးမှိတ်ပြလိုက်တော့
"ဟုတ် ဟုတ်ပါတယ် အန်တီရယ် သမီးတို့ လည်းရှိတာပဲ စိတ်ချပါ"
အားလုံးဝိုင်းပြောနေကြတော့ Xiumin လည်း သဘောတူလိုက်ရတာပေါ့။
"အေးပါ သားရယ် သား သဘောပါပဲ  mama အစိုးရိမ်လွန်သွားလို့ ပါ သားတို့ အစီအစဉ်အတိုင်းသွားလည်း ကောင်းတာပါပဲ သားကြိုက်သလို လုပ်ပါ"
သူ့ အမေ စကားကြားတော့ Xing ရဲ့ မျက်နှာ ချက်ချင်း အရောင်လက်သွားတယ်။
ပြီးတော့မှ မင်သေသေ မျက်နှာထားနဲ့ 
"ဒါဆို မုန့် ဖိုးတော့ပေးဦးနော် သားတို့ က မုန့် လည်း အဝစားကြဦးမှာ"
You're My EverythingDove le storie prendono vita. Scoprilo ora