Episode 3

1K 121 2
                                    

အထက်တန်း ဖြေပြီးနောက်ပိုင်း ကျောင်းပိတ်ရက်တွေမှာ Xing က Su တို့ အိမ်သွားလည်သလို Su ကလည်း Xing တို့ အိမ်လာတတ်တယ်။ ညဘက်လည်း မကြာခဏ ဖုန်းပြောဖြစ်ကြတယ်။

"တင်းတောင်…"

Xing က ခြံရှေ့ က ဘဲလ်ကိုနှိပ်လိုက်တော့ Su က အိမ်ထဲကပြေးထွက်လာပြီး တံခါးလာဖွင့်ပေးတယ်။

"လာ ကိုယ်တော်ချော"

Xing က Su တို့ အိမ်ထဲကို ဝင်လိုက်ပြီး

"Sehun ရော"

Su က ကြည့်လက်စ ကာတွန်းကားကိုပိတ်လိုက်ပြီး ဂိမ်းစက်ဖွင့်လိုက်ကာ

"ရေချိုးနေတယ် ပြီးရင် ကျူ ရှင်သွားရမှာလေ"

"ဒါဆို ဒီနေ့ ဆော့ဖို့ သူမပါဘူးပေါ့"

"အေးဟ"

"ဘာလိုလိုနဲ့ ဒီကလေးတောင် ၈ တန်းရောက်တော့မယ်နော်"

"အမလေး Xing ရယ် ပြောနေလိုက်တာ သူ့ ကိုယ်သူ လူကြီးလေသံနဲ့ အခုမှ ၁၀ တန်းဖြေပြီးရုံပဲရှိသေးတယ်"

Xing က Su စားနေတဲ့ အာလူးကြော်ထုတ်ကို ယူစားရင်း ပလုတ်ပလောင်းသံနဲ့ 

"အခုတည်းက ပြောတာဆိုတာ လေ့ကျင့်ထားမှ လူကြီးဖြစ်ရင် ပြောတတ်မှာပေါ့"

Su ကတော့ Xing ပြောသမျှ နားပဲထောင်နေလိုက်တယ်။ Xing က တခါတလေမှာ ဒီလိုပဲ ကြီးကြီးကျယ်ကျယ်တွေ ပြောလေ့ရှိပါတယ်။ Xing နဲ့ Su တို့ TV game နှိပ်နေတုန်း Su ရဲ့ မောင် Sehun က ကျောပိုးအိတ်လွယ်ပြီး အခန်းထဲကထွက်လာတယ်။

သူတို့ ၂ ယောက်ဂိမ်းနှိပ်နေတာကိုမြင်တော့

"Yixing hyung နဲ့ noona ကတော့ အဆင်ကိုပြေနေတာပဲ"

Sehun စကားကြောင့် Xing တို့ ၂ ယောက်လုံးမျက်လုံးပြူးသွားတယ်။
Xing က လေသံနှိမ့်လိုက်ပြီး Su ကိုခပ်တိုးတိုးမေးလိုက်တယ်။

"ဟဲ့ Su  နင့်မောင်ကို ငါတို့ ၂ယောက်အကြောင်းပြောလိုက်သေးလား"

"arnni"

"ဒါဆို သူဘယ်လိုသိသွားတာလဲ"

Xing က မဝံ့မရဲနဲ့  Sehun ကိုသွားဖြဲပြလိုက်ပြီး

"hyung တို့ က ဘာများအဆင်ပြေနေလို့ လဲ Sehun ရဲ့ "

"ပြေတာမှ တော်တော်ကိုပြေတာပါဗျာ လုံးဝကို သာသာယာယာပဲ"

You're My EverythingWhere stories live. Discover now