Episode 5

1.1K 128 24
                                    

ကျောင်းကားပေါ်မှာ Xing ရဲ့ ဖုန်းဆီ message ဝင်လာတယ်။
သူဖွင့်ကြည့်လိုက်တော့ contact list ထဲကမဟုတ်တဲ့ နံပါတ်အသစ်တခု။

"မုန့် ကျွေးချင်လို့  ကျောင်းသားရေးရာနားက ကန်တင်းမှာ စောင့်နေမယ် ဆက်ဆက်လာခဲ့နော် မလာရင် အတန်းထဲအထိ လာခေါ်မှာ
rde
                                              Yu Jinn"

Xing ဖုန်းကိုပြန်ပိတ်လိုက်ပြီး စဉ်းစားနေတယ်။ သွားရင်ကောင်းမလား?? ဒါပေမယ့် ဒီလောက်ကိစ္စလေးနဲ့  သူကျွေးတာလိုက်စားရရင် အားနာစရာကြီး။ မသွားရင်လည်း ကိုယ့်ကိုခင်တဲ့သူကို အရေးမထားရာ ရောက်မယ်။ တကယ်အတန်းထဲအထိ လာခေါ်မှာလားမသိဘူး။

Xing ကို အရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ Su က Xing တခုခုကို တွေဝေနေတာကို သတိထားမိသွားတော့

"Xing နင့်ကို ကြည့်ရတာ တခုခုကို ဆုံးဖြတ်ရခက်နေသလိုပဲ ဘာဖြစ်လို့ လဲ"

"သြော်… ဟို… မနေ့ က ငါကျောင်းသားကဒ်သွားပေးတဲ့ အစ်မကြီးက ကျေးဇူးဆပ်တဲ့အနေနဲ့ မုန့် ကျွေးချင်လို့ ကန်တင်းမှာ စောင့်နေမယ် လာခဲ့ပါတဲ့
အဲဒါ… ငါသွားရမလား မသွားရဘူးလား စဉ်းစားနေတာ မသွားရင် အတန်းထဲအထိလာခေါ်မှာတဲ့"

"ဟုတ်လား ဒါနဲ့ အဲ့အစ်မကြီးက နင့်ဖုန်းနံပါတ်ဘယ်လို သိတာလဲ"

Tao က

"ငါတောင် စိတ်ဝင်စားလာပြီကွာ အဲ့အစ်မကြီးကို မြင်ဖူးချင်လိုက်တာ"

"ဟုတ်တယ် ဟေ့ကောင် မသွားနဲ့ အဲဒါမှ သူမင်းကို အတန်းထဲ အထိလာခေါ်မှာ ဒါမှ ငါတို့ လည်း သူ့ ကိုတွေ့ ရမှာ ဟဲဟဲဟဲဟဲ"

Tao ရဲ့ စကားကို Kris က အားတက်သရော ထောက်ခံလိုက်ပြီး သူ့ ဘာသာ သဘောကျကာ ရယ်နေလေသည်။

Su စဉ်းစားနေတယ်။ သူ့ အနေနဲ့ Xing ကို အဲ့ အစ်မကြီးဆီ သွားခိုင်းသင့်လား မသွားခိုင်းသင့်ဘူးလား! မသွားရင်လည်း အတန်းထဲအထိ လာခေါ်မှာဆိုတော့ သွားခိုင်းလိုက်ပါ့မယ်လေ။ ရိုးရိုးတန်းတန်း ခင်တာလောက်ပဲနေမှာပါ။

"ဒါဆိုလည်း သွားလိုက်ပါ Xing ရယ် ဘာပဲပြောပြော တကျောင်းတည်းတက်နေကြတာပဲ သူကလည်း စီနီယာဆိုတော့ ငြင်းလို့ မကောင်းဘူးထင်တယ် ဟိုကလည်း နင့်ကိုခင်တာပဲ"

You've reached the end of published parts.

⏰ Last updated: Jan 09, 2016 ⏰

Add this story to your Library to get notified about new parts!

You're My EverythingWhere stories live. Discover now