Phone is ringing, you are missing.

10.2K 778 6
                                    

Ep 7...

သူတို့ ၂ယောက် ခရီးက ပြန်လာပီး တည်းက ပိုမို နီးကပ် လာခဲ့သည်။.
Yeol တယောက် ညဖက် လုပ်တဲ့ party တေ ဘာတေတောင် သိပ်မတက် ဖြစ်ပဲ ရိုက်ကွင်း ပီး တာနဲ့ အိမ်ပြန်လာတာ များသည်။ Baek ကတော့ အိမ်အပေါက်ဝ ကနေ အပြုံးလေး နဲ့ ဆီးကြို လေ့ရှိသည်။. ခုတလော Baek ရိုက်ကွင်းတွေ သိပ်မလိုက်ဖြစ်။ အိမ်မှာ သာ ချုပ်နေဖြစ်တာ များသည်။
ညစာ စားပီး Yeol က ထုံးစံ အတိုင်း ဆိုဖာ အဝိုင်းပေါ် ထိုင်ကာ စာဖတ်လေ့ရှိသည်။ မတူတာ တခုက ခုတော့ Baek ပါ ထို ဆိုဖာ ပေါ် ထိုင်ကာ အင်္ကျီ ချုပ်လေ့ရှိသည်။

ချစ်တယ် လို့ ပြောခဲ့ပီးပီလား.???
ဟင့်အင်း.. သူတို့ ၂ယောက်လုံး ပါးစပ်က ထုတ်မဖော် ခဲ့ကြပေမဲ့ နှလုံးသား ထဲက နားလည် နေပီးသားပါ..

Yeol ဖတ်လို့ ပီးတော့ Baek က လှဲကာ fashion စာအုပ်တအုပ်ကို သဲကြီးမဲကြီး ဖတ်နေသည်။..

Yeol : Baek.....

Baek : ........

Yeol : Baek!!

Baek : အင်း....

Yeol : Baek ကိုယ်ခေါ်နေတယ်ဆို.....

Baek : အင်း.. ပြောလို့.....

Yeol : အ့ စာအုပ်ကြီး ဘေးချထား...

Baek : ခနလေး.. ဒီမှာ fashion interview facts လေးတွေ ဖတ်နေလို့ ..

Yeol : မရဘူး.. ချ ဆို ချ...

Baek : အင်.... ကဲ.. ပြော.. ပြော...

Yeol : လာ.. ဒီကို......

Yeol က ခြေထောက်ဆငိးထားသော သူ့ ပေါင်ပေါ် ကို ပုတ်ပြရငိး...

Yeol : ပေါင်ပေါင် လာအိပ်.

Baek : အင်း...

Baek ကတော့ နှစ်ခါ ခေါ်စရာ မလို.. ရောက်ပီးသား..
Yeol ပေါင်ပေါ် ကို ခေါင်းအုံး လိုက်ပီး သူ့ လက်လေးကို ရင်ဘတ်ပေါ်တင်ကာ သူ့ puppy eyes လေးတွေ ကို မှိတ်ထားလိုက်သည်။..
ခန ကြာတော့ Baek မျက်နှာ အစိတ်အပိုင်းလေးတွေ ကို လက်ထိပ်လေးတွေ နဲ့ ခပ်ဖွဖွ ပွတ်ဆွဲနေတဲ့ Yeol..

ပြေပြစ်သော နဖူး.. ဖောင်းအိနေသော မျက်ခွံလေး .
ဖြောင့်စင်းနေသော နှာတံလေး.. နှာတံလေး အဆုံး က လုံးလုံး ဝန်းဝန်း နှာသီးလေး.နှာသီးလေးကို လက်ထိပ်လေးဖြင့် စက်ဝိုင်း ဆွဲသလို ပွတ်ဆွဲသွားသေးသည်။..
ပီးတော့  Baek မျက်နှာ ပေါ်က Yeol အကြိုက်ဆုံး အစိတ်အပိုငိးလေး တခု....

As Long As U Stay With Me!Where stories live. Discover now