I'm Yours

10.5K 810 17
                                    

Ep 10...

ဘာလိုလို နဲ့ သူတို့ ဒီအိမ်လေးမှာ နေတာ ၃ရက်လောက်တောင် ရှိနေပီ။..
Yeol လဲ ရိုက်ကွင်းတွေ ရပ်နားထားကာ Baek နဲ့ အတူ ပျော်ရွှင်စွာ နေ့ရက်လေးတွေ ကုန်ဆုံး နေကြသည်။.....

Baek ဧည့်ခန်း က မှန်ပြတင်းပေါက် လေးနားကပ်ကာ အပြင် ကို ငေးမောကြည့်ရင်း...

Baek : နက်ဖန် Christmas နေ့တောင် ရောက်ပီ။ အရင်က Christmas နေ့ဆို ဦးလေး က Christmas tree လေး လုပ်နေကြ..
ခုတော့ ဘယ်ဆီ ကိုများ ရောက်နေပါလိမ့်......

Baek ရဲ့ ခါးသေးသေးလေး တဝိုက် လာရောက် သွယ်ယှက်သော လက်အစုံ နဲ့ အတူ ပခုံးသေးသေးလေး အပေါ် မေးတင်လာသော Yeol...

Yeol : ဒီနှစ် ကိုယ့်နဲ့ အတူ လုပ်ကြတာပေါ့..
Christmas tree.. နော်.

Yeol ပြောရင်း အကြောစိမ်းလေးတွေ ယှက်သန်းနေတဲ့ Baek ရဲ့ လည်တိုင်ကျော့ကျော့ လေးကို သူ့ နှုတ်ခမ်းနဲ့ တချက် ဖိကပ် လိုက်သည်။..
Baek က သူ့ အလိုက်ကိုသိစွာ ခေါင်းလေးကို တဖက် စောင်းပေးသည်။...

အပြင်မှာတော့ ဒီဇင်ဘာလ ရဲ့ သင်္ကေတ အဖြစ် နှင်းမှုန်လေးတွေ ကျဆင်းလျက်...

Yeol : ကိုယ် အင်္ကျီ သွားလဲလိုက်အုံးမယ်. လိုအပ်တာတွေ ဝယ်ကြစို့လေ.. Baek လဲ အဝတ်အစား သွားလဲ။..

Yeol ပြောရင်း အပေါ်ထပ် တက်သွားသည်။...
Baek လဲ အပေါ်ထပ် တက်မယ် လုပ်တော့ vibrate လုပ်ထားတဲ့ Yeol ph က ဖုန်းဝင်လာသည်။..
Baek ကိုင်သင့် မကိုင်သင့် စဉ်းစားမိသည်။...

Baek pov : အလုပ်ကိစ္စ အရေးကြီးလို့ များလား.. Yeol ရိုက်ကွင်းနားထားတာ အတော်ကြာပီ။.. ကိုင်လိုက်မယ်....

ဖုန်းက unknown .....

Baek : ဟဲလို....

Yeol dad : Yeol မဟုတ်ဘူးလား...

Baek : ဟုတ်...ဟုတ်ကဲ့...
ကျွန်တော် Baekhyun ပါ..

Yeol dad : အော်... တိုင်တိုက်ဆိုင်ဆိုင် ပဲ။ တွေ့ချင်နေတာ...

Baek : Yeol ကို ခေါ်ပေးရမလားဟင်...

Yeol dad : မလိုဘူး.. မင်း နဲ့ တွေ့ချင်တာ..
ဟိုကောင် က မင်းနဲ့ အတွေ့မခံ လို့လေ..ခုတော့ အဆင်ပြေလိုက်တာ....
ခု မင်း တို့  နေနေ တဲ့ အိမ်နားက  Xo Xo Cafe ကို လာခဲ့...
Yeol ကို မပြောဘူးလို့ ယုံကြည်ပါတယ်။....

As Long As U Stay With Me!Where stories live. Discover now