You are my light

8.9K 783 18
                                    

Ep 12...

Baek တယောက် ထိုလမ်းခွဲပီးတဲ့နေ့ကစပီး အရယ်အပြုံးမရှိ ဖြစ်လာခဲ့တာကြာပီ။ ဦးလေးက seoul မှာ ဘာဖြစ်လာလဲ မေးပေမဲ့ သူ ထုတ်မပြောခဲ့ပါ။ ပြောလို့လဲ ဘာထူးလာမှာ မို့လို့လဲလေ. ..

နေ့စဉ် သူရဲ့ ပုံစံခွက်လို ဘဝ ထဲမှာသာ လည်ပတ်နေတော့သည်။.. အရင်က အင်္ကျီ ချုပ်တာကို သိပ်နှစ်သက်သော ကောင်လေးက ခု ကိုယ့်အင်္ကျီ ချုပ်ရိုးကြောင်းတောင် ပြန်မသီ ဖြစ်တော့...
အပြစ်ရှိသော စိတ်တခုနဲ့ သူ အကုန်စွန့်လွှတ်ခဲ့ပါသည်။....

ဒီနေ့ ညနေ Baek ဆိုင်က duty ပီးတာမို့ အိမ်ပြန်လာခဲ့သည်။...
အရင်က ဒီလိုအချိန် ပြန်ရောက်လေ့မရှိပေမဲ့ အချိန်လဲ လိုက်ရတာမို့ ညက တညလုံး ဆင်းပေးလိုက်ရသည်။..
အိမ်ပြန်ရောက်တော့ ညစာလေး ချက်ပီး မကြည့်ဖြစ်တာ ကြာပီဖြစ်တဲ့ TV ရှေ့ ရောက်ခဲ့သည်။..

ဒီည သူတယောက်တည်း အိမ်မှာ. ဦးလေးက အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားသည်လေ....

TV က လာနေတာ ၆နာရီ သတင်း.....

"Idol Park Chanyeol သည် မနေ့ညက XOXO nightclub တွင် ရန်ဖြစ်ပီး သောင်းကျန်းမှု့ ဖြစ်ပွားခဲ့သည်။..ရန်ဖြစ်ချိန် အတွင်း အရက်သောက်စားထားခြင်း တွေ့ရှိရပီး တဖက်သူက  မျက်နှာ အစိတ်အပိုင်း တချို့ ကို ထိုးကြိတ် ထားဖွယ်ရှိသော သက်သေများ တွေ့ရှိရ..."

တက်လာသော ပုံတွေက Yeol မျက်နှာ က ဖူးရောင်နေဟန်...
ချောင်ကျနေသော ပါးရိုး.. အသက်မဲ့နေသော မျက်ဝန်း တစုံ....

Dancing floor ပေါ်မှာ ပက်လက် လန်နေသော ပုံတပုံ ကြောင့် Baek ရင် ကို ကန်လိုက်သလို အရှိုက် ထိ သွားမိသည်။..

ထိုးခံ ထားရသော မျက်နှာ...
တစွန်းတစ ပေါ်နေပီး လက်တဖက်က နှဖူးပေါ်တင်ထားကာ နောက်တဖက်က သူ့ရင်ဘတ်ပေါ်မှာ.....

ရင်ဘတ်ပေါ်က ဘယ်ဘက်လက်မှာတော့ သူတို့ အထိမ်းအမှတ် လက်စွပ်လေး က ထင်းခနဲ.....

Baek သူ့ ရင်ဘတ်လေးကို ဆုပ်ကာ တအိအိ ရှိုက်ငိုမိသည်။....

Baek : လူမိုက်ကြီး... စိတ်နာသွားရင် လက်လွှတ်ပီး ပျော်စရာ ရှာပါတော့လား..အရင်က ရှုပ်ခဲ့ သလို ပြန်ရှုပ်ပါတော့လား..

As Long As U Stay With Me!Where stories live. Discover now