U can stay in my heart!

8.8K 620 20
                                    


Ep 17..

"Park Chanyeol.. ရှင့်ကို ဘယ်သူ့မှ မပေးနိုင်လောက်အောင် ချစ်တယ်။.. သတ်ပစ်ချင် လောက်အောင် ကို ချစ်တာ...
သူက ရှင့် အသက်ဆို ကျွန်မ အ့ဒီ အသက် ကို ဖယ်ရှားပစ်မယ်.. hk hk.. "

Yeol : လိုက်ခဲ့ပါဆို.. Baek ရာ..
အရင်ကလဲ လိုက်နေကျပဲကို...

Baek : နောက်နေ့ ပွဲ အတွက် ဝတ်စုံတွေ မပီးသေးလို့ပါဆို..
Yeol လဲ ခနနေ ပြန်လာမှာပဲ ကို. သွားလိုက်တော့နော်.. ကိုယ့်ဘာသာ...
လိမ်မာပါတယ်... ပြန်လာရင် အနမ်းဆု ချမယ်...

Yeol : ommm. တကယ်နော်.. ပီးရော. အ့ဒါဆို...
ခု အကြို ဆုပေးထားလို့ မရဘူးလား...

Baek : မရပါဘူး.. တခါပဲ  ရမှာ..
သွားတော့. နောက်ကျနေတော့မယ်..

Yeol :အင်း.. သွားပိ...

Yeol ပြောရင်း Baek ပါးအိအိလေးထဲ  သူ့ နှာခေါင်းလေး တချက် နစ်နေအောင် နမ်းလိုက်သည်။...

Yeol သွားပီးမှ Baek လဲ အလုပ်ခန်းလေးထဲဝင် ကာ အင်္ကျီ တွေ ကိုင်ရတော့သည်။. Yeol ရှိနေရင် အလုပ်က သိပ်မပြီး..သူ့နားမှာ နေနေ ရတော့ အလုပ် က သိပ်မတွင်.

အလုပ်ထဲ စိတ်ရောက်နေတာ ဘယ်အချိန် ဖြစ်နေမှန်းမသိ လိုက်..အိမ်ရှေ့က ဘဲလ် သံကြောင့် ဧည့်ခန်းကို ဖြတ်ကာ တံခါးမကြီးဆီ လှမ်းလာခဲ့သည်။...

Baek လှမ်းကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ရတော့.... password ရိုက်ပီး
တံခါး ဖွင့်ကြည့်တော့ တံခါးရှေ့လေးမှာ ပါဆယ် ထုပ် တထုပ်...

"To Byun Baekhyun....

Baek သူ့နာမည် နဲ့ လာတာမို့ အနည်းငယ် ထူးဆန်းသွားမိသည်။.  သူ့ဆီ ပါဆယ် ပို့စရာ ဘယ်သူမှမရှိ..
ဦးလေး များလား တော့မသိတာမို့.. အထုပ်ကလေး ကိုင်ကာ ဆိုဖာ မှာ ထိုင်ချလိုက်ပီး ပါဆယ် ဖောက်ကြည့်လိုက်မိသည်။...

Baek : အား!!!!!!!


Yeol စိတ်တေတောင် ညစ်ညူးနေပိ. ပွဲ က မပီးနိုင်တော့...
စိန်တွေ. ရွှေတွေ.. ပြိုးပြက် လင်းလက်နေသော ပတ်ဝန်းကျင်ကြီးမှာ ဆက်မနေချင်တော့..
ရယ်မောနေရတာကိုက ဟန်ဆောင်နေသော ပြယုဂ် တခု...

တီ..တီ..

ဖုန်းသံက ဆူညံနေမှု့ကို မထွင်းဖောက်နိုင်ပေမဲ့ Yeol ကြားလိုက်ရတာမို့  ကြည့်လိုက်တော့ Baek ဆီ က.
တော်ယုံဆို Baek က ဖုန်းမဆက်တတ်.. အနှောင့်အယှက် ဖြစ်မှာ စိုးလို့တဲ့လေ...

As Long As U Stay With Me!Where stories live. Discover now