He's magnificent

15.2K 770 3
                                    

အဆင့်အတန်းမြင့်သောကွန်ဒိုမီယမ်တိုက်ခန်းတစ်ခုထဲတွင်အလွန်smartကျသားနားသောအမျိုးသားတစ်ယောက်

မှန်နံရံများရှေ့တွင်ရပ်ရင်းSeoul၏ညရူခင်းအလှကိုဝိုင် တစ်ခွက်ဖြင့်အရသာခံနေသည်

Suit &tieကိုကျနစွာဝတ်ဆင်ထားကာရွှေညိုရောင် ဆံနွယ်များကိုလူကြီးလူကောင်းဆန်စွာသပ်တင်ထားသည်

အလွန်ရုပ်ဖြောင့်ကာကြည့်ကောင်းသောကိုယ်ခန္ဓာအချိုးအဆစ်ကိုလည်းပိုင်ဆိုင်ထားသည်မျက်လုံးမျက်ဖန်ကြီးမားကာကော့ညွှတ်နေသောမျက်ခုံးများကလည်းစူးရှထက်မြက်ဟန်ကိုအထင်းသားပေါ်လွင်စေသည်တင်းတင်းစေ့ထားသော
နှုတ်ခမ်းများမှာလည်းပိရိပြတ်သားဟန်ပေါ်သည်ဖြောင့်စင်း
နေသောနှာတံနှင့်မေးရိုးကျပုံဖြောင့်လွန်းလှသောဤလူသား
သည်ဘယ်သူများနည်း?

ParkChanyeolကိုးရီးယားနိုင်ငံ၏အတော်ဆုံးသတင်း
ကြေညာသူ။သူ့သတင်းတင်ဆက်ချိန်ဖြစ်သောမနက်၉နာရီ
နှင့်ညနေ၆နာရီအချိန်များသည်လူကြည့်အများဆုံးဖြစ်သည်

အထူးသဖြင့်နှုတ်ခမ်းနီမလေးများကအကဲဆုံးမင်းသမီးငယ်များပင်ပါသေးတော့သည်။ ဟုတ်သည်လေ။ ဒီလိုအစစအရာရာပြည့်စုံလွန်းနေသောသူ့ကိုလိုချင်သူများ
ဝိုင်းဝိုင်းလည်နေသည်မှာဆန်းတော့မဆန်းကြယ်ပါ ။

သူကတော့ခုချိန်ထိမိန်းမကိစ္စဟူ၍သတင်းသဲ့သဲ့မျှပင်ထွက်
ဖူးသူမဟုတ်။နာမည်ပျက်မရှိ။ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နှင့်လုပ်ငန်းခွင်တွင်အောင်
မြင်နေသောသူ့ကိုသမက်တော်ချင်သူသူဌေးများကလည်း
မျက်စိကျနေကြသည်လေ

ဘယ်လိုပဲဖြစ်ဖြစ်သူကတော့သူ့ရဲ့တိကျပြတ်သားသောဆုံး
ဖြတ်ချက်များနှင့်အတူနေ့ရက်တိုင်းကိုယုံကြည်မူအပြည့်နဲ့
ဖြတ်သန်းနေဆဲ။


ဟဲ့ကောင်လေး!ဒါလေးသွားပို့တာတောင်တော်တော်ကြာ
တယ်နင့်ကိုကြည့်ရတာသွက်သွက်လက်လက်ကိုမရှိဖူး
ဘယ့်နှယ်တော်အသက်ကငယ်ငယ်လေးရှိသေးတာ!

♡  No Promise  ♡Where stories live. Discover now