Sorry i can't take this anymore

8.2K 377 31
                                    

တခါတလေတော့စဉ်းစားမိတယ်ရှင့်

ကျမတို့ဘဝမှာဘာလို့ကိုယ့်ကိုမသိတဲ့လူတစ်ယောက်အ

တွက်နာကျင်ခံစားနေကြရတာလဲလို့

တကယ်တမ်းတော့အချစ်ဆိုတာလက်တွေ့မှာပျော်ရွှင်စရာတွေထက်နာကျင်စရာတွေပိုများတယ်ဆိုတာ

ဘယ်သူ့ကိုပဲချစ်ချစ်ပါလူတိုင်းမှာကိုယ့်နှလုံးသားအကြိုက်

ချစ်ခွင့်ရှိပါတယ်

အကယ်လို့များကျမတို့ချစ်မိတဲ့သူက Idol တစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်ကော....?

သူတို့လှုပ်ရှားလိုက်တဲ့အပြုအမူလေးတွေသေးသေးလေးကအစကျမတို့လိုက်ခံစားနေကြတယ်

ချစ်စရာကောင်းရင်အူယားလောက်အောင်ချစ်ကြတယ်

သူတို့ချွဲပြရင်လည်းမနေနိုင်မထိုင်နိုင်အရည်ပျော်ရပြန်တယ်

သူတို့နေမကောင်းဖြစ်ရင်လည်းကျမတို့မှာကိုယ့်ကိုကိုယ်

တောင်ဂရုမစိုက်နိုင်လောက်အောင်အဝေးကနေမျက်ရည်

တွေနဲ့ဆုတောင်းပေးရတယ်

ကိုယ့်ဘဝနဲ့ကိုယ့်ကိုယ့်ထမင်းကိုစားပြီးအဲ့အချစ်ဆိုတာကြီးရဲ့ကျေးကျွန်တွေဖြစ်နေရတယ်

နောက်ဆုံးကျတော့လည်းpeter panထဲကလိုပါပဲ :')

ကျမတို့ကtinker bellလေးတွေပါသူတို့နားမှာအရိပ်တ

ကြည့်ကြည့်နဲ့လိုတာမှန်သမျှဖြည့်ဆည်းပေးနေပေမယ့်

သူတို့မျက်လုံးထဲမှာတော့FanကFanပဲလေ

Fanကိုချစ်တဲ့စိတ်ကသူတို့Wendyလေးကိုရှာတွေ့သွားတဲ့အခါချစ်မယ့်စိတ်နဲ့တော့အပုံကြီးကွာပါတယ် :')

ဘာလို့လဲဆိုတော့အားလုံးရဲ့အချစ်တွေကိုစုပြုံသိမ်းပိုက်

ထားနိုင်တဲ့သူတို့နှလုံးသားကသိပ်ကိုနူးညံနေမှာလေ

Fanတွေကဘယ်လောက်ပဲချစ်ပေးနိုင်ပါစေ

သူတို့အတွက်ကတော့အထီးကျန်နေအုန်းမယ်လို့ထင်တယ်

တကယ်တမ်းအနားမှာချစ်သူတစ်ယောက်လိုနွေးထွေးမူတွေပေးနိုင်မယ့်သူဂရုစိုက်မူတွေပေးနိုင်မယ့်သူကိုတောင့်တလာမှာပဲ....အဲ့လိုပေးဆပ်ခွင့်ရမယ့်မိန်းကလေးကတော့ကံ

ကောင်းတာပေါ့နော်..:')

Jonginကတော်လေးတွေကိုသနားမိပါတယ်

ကျမလည်းတစ်နေ့ဒီလိုကြုံရမှာ

ကြိုတွေးထားပြီးသားပါ

ပြင်ဆင်ထားပြီးသားပါ

ဒါမယ့်...တကယ်တမ်းရင်ဆိုင်ရရင်တော့ခံနိုင်ရည်ရှိပါ့မလား

နောက်ဆုံးတော့လည်းကျမတို့ကလူသားတစ်ယောက်ကို

ပေးဆပ်ဖို့အတွက်သက်သက်မွေးဖွားလာရသလိုပါ

ဘာလို့သူတို့ရှေ့မှာအမြဲဒူးထောက်ကျနေရတာလဲ

ဘာလို့သူတို့ပျော်နေရင်ကိုယ့်အတွက်ပြည့်စုံနေတာလဲ

ဘာလို့ကိုယ့်ကိုချစ်တဲ့သူအနားမှာရှိနေရင်တောင်မမြင်နိုင်လောက်အောင်....ဟင့်အင်း..မဟုတ်ပါဘူး...

မမြင်ချင်ယောင်ဆောင်ထားလောက်အောင်သူတို့ကိုချစ်နေရတာလဲ

ပြီးပြည့်စုံလွန်းတဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ထားလို့ရလာ

မယ့်ပူလောင်မူတွေကိုကျမခါးသက်စွာမစားသုံးချင်ဘူး

အဲ့အစားဆုံတွေ့ခွင့်ပေးခဲ့တဲ့ကံကြမ္မာကိုပဲကျေးဇူးတင်မယ်

ဘာတွေပဲဖြစ်လာလာသူ့တစ်မျက်နှာတည်းကိုပဲမျော်ကြည့်ရင်းကျမတို့နေ့ရက်တွေကိုရှေဆက်နေရအုန်းမှာမဟုတ်လာ

သူတို့အောင်မြင်မှုတွေတက်နေအုန်းမယ်ဆိုရင်

သူတို့အပြုံးတွေရှင်သန်နေအုန်းမယ်ဆိုရင်

ဘယ်လိုစိတ်ဒုက္ခမျိုးကိုမဆိုကျမတို့လည်စင်းခံမှာမဟုတ်

လား

နာက်ဆုံးတော့လည်းကျမတို့အားလုံးကဒီအချစ်ဆိုတာကြီးကိုပဲရင်နာနာနဲ့ဝပ်တွားနေရတာပဲမဟုတ်လား

သူတို့မရှိရင်နေမှမနေနိုင်ဘဲကို :')

စိတ်ချပါ...Byun Baekhyun ကျမရှင့်ရှေ့မှာအမြဲတမ်းဒူးထောက်ခစားနေမှာပါ

ကျမတို့နှလုံးသားကိုချနင်းပြီးရှင်တို့အမြင့်ကိုပျံသန်းနိုင်ပါစေ

ကျမတို့ကြည်ကြည်ဖြူဖြူနဲ့ကိုစတေးခံမှာပါ

ဝေဟင်ကြီးထဲမှာအမြင့်တစ်နေရာကိုခရီးဆက်နေတဲ့ရှင့်ကို

ဒီကမ္ဘာမြေပေါ်ကလှမ်းကြည့်ရင်းနဲ့ပေါ့ :')

You've reached the end of published parts.

⏰ Last updated: Feb 04, 2016 ⏰

Add this story to your Library to get notified about new parts!

♡  No Promise  ♡Where stories live. Discover now