Yeol Baek ပုခုံးလေးကိုသိုင်းဖက်ရင်းBarအပြင်သို့ခပ်တည်တည်ထွက်လာလိုက်သည်လမ်းမှာသူတို့နှစ်ယောက်ကိုစူးစမ်းသလိုကြည့်နေတဲ့မျက်လုံးပေါင်များစွာကိုကျောခိုင်းရင်းပေါ့အမှန်တော့ဒါကထူးဆန်းတဲ့ဖြစ်ရပ်ကြီးပါသူ့လိုနာမည်ကြီးသွေးအေးသမားကြီးကဘာမဟုတ်တဲ့ကြက်ကြော်ပို့တဲ့ကောင်လေးကိုကာကွယ်ပေးနေတယ်ဆိုတာသမရိုးကျဖြစ်စဉ်တော့မဟုတ်ဘူးလေ
Baekအူကြောင်ကြောင်လေးနဲ့သူဆွဲခေါ်ရာနောက်ကိုလိုက်လာမိတယ်သူ့လက်မောင်းကြီးတွေကကျစ်ပြီးနွေးနေတာပဲပြီးတော့Baekရင်ထဲကဝမ်းနည်းမှုတွေအရည်ပျော်ကျသွားလောက်အောင်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားသေးတယ်သူ့ရင်ခွင်ကလည်းလုံခြုံမူအပြည့်အဝပေးနိုင်တဲ့ဂေဟာတစ်ခုလိုပဲBaekရင်ခုန်သံတွေအတိုင်းအဆမရှိမြန်လာတယ်
သူတို့နှစ်ယောက်အပြင်လည်းရောက်ရောYeolတယောက်Baekကိုရုတ်တရက်လွှတ်လိုက်တယ်ပြီးတော့ငုံကြည့်ရင်းပြောလိုက်တယ်
မင်းကတော်တော်အရှက်မရှိတဲ့ကောင်လေးပဲ
Baekကြားလိုက်ရတဲ့နားကိုတောင်မယုံနိုင်သလိုဖြစ်သွားတယ်ဒါဘာစကားကြီးလဲခုနတုန်းကျတော့သူ့ကိုကာကွယ်ပေးသလိုနဲ့အခုမှဘာတွေလာပြောနေတာလဲ
Baekhyunရဲ့မျက်လုံးမှေးမှေးလေးတွေကသိမ်ငယ်စိတ်တွေဝမ်းနည်းစိတ်တွေကြောင့်မျက်ရည်ကြည်လေးတွေပြည့်လာတယ်သူအမြန်ခေါင်းငုံလိုက်တယ်သူ့မျက်ရည်တွေကိုarjushiကိုမမြင်စေချင်ဘူးလေသူဟာပျော့ညံတဲ့သူမဟုတ်ဘူးဆိုတာပြချင်မိတယ်
လူတစ်ယောက်ဟာအရည်အချင်းဘယ်လောက်ရှိရှိအချိန်ကိုမလေးစားတတ်ရင်တော့အလကားပဲကောင်လေး
Baekရင်ထဲမှာနင့်နေအောင်ကျောက်ထက်အက္ခရာတင်လိုက်သလိုပါပဲArjushiပြောတဲ့စကားတွေကိုသူမှတ်ထားပါ့မယ်ထူးဆန်းလိုက်တာသူ့ကိုကြင်ကြင်နာနာပြောတဲ့စကားလုံးတစ်လုံးတစ်လေတောင်မပါဘဲသူကဘာကိုကျေနပ်နေမိတာလဲ.. .မသိဘူး..သူသိတာတစ်ခုပဲရှိတယ်
အခုသူ့ရှေ့မှာရပ်နေတဲ့ဘဲကြီးကိုအရမ်းချစ်တယ်
Yeolခေါင်းငုံနေတဲ့ကောင်လေးကိုစိုက်ကြည့်ရင်းဘာလို့မှန်းမသိရင်ထဲမှာကာကွယ်ပေးချင်စိတ်တွေတဖွားဖွားပေါက်လာတယ်သူတစ်ခါမှဒီလိုမခံစားဖူးသလိုလုပ်လည်းမလုပ်ဖူးဘူးဒါသူ့imageကိုထိခိုက်သလိုများဖြစ်နေမလားတော်သင့်ပြီpark chanyeolမင်းအလုပ်မင်းလုပ်ပါ
YOU ARE READING
♡ No Promise ♡
Fanfictionအရမ်းတည်တံ့လွန်းတဲ့သတင်းကြေညာသူတယောက်နဲ့ ကြက်ကြော်ပို့တဲ့အထက်တန်းကျောင်းသားကောင်လေး အဆိုတောပေါက်စနလေး တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ထုံးစံတိုင်းOTP က Chanbaek ပါ