i will never give up on u

5.6K 467 6
                                    

အဲ့နေ့ကသူတို့အစီအစဉ်ပျက်သွားရသည်ဟုတ်တယ်လေChanyeolတယောက်သူလုံးဝမလုပ်နိုင်တော့ဘူးဆိုပြီးဒေါသတကြီးနဲ့ကားမောင်းပြန်သွားတာChenတားချိန်တောင်မရလိုက်ဘူးရုတ်တရက်ကြီးဆိုတော့အားလုံးကနားမလည်နိုင်ကြဖင်ကုပ်ခေါင်းကုပ်နဲ့အူကြောင်ကြောင်လေးတွေဖြစ်ကျန်ခဲ့ကြသည်

Baekhyunအိမ်ကိုပြန်လာတဲ့လမ်းတလျှောက်လုံးမရပ်မနားငိုလာခဲ့သည်ဘယ်သူမှလည်းချော့လို့မရမျက်နှာကိုလက်နဲ့အုပ်ပြီးကားဆိုဖာပေါ်မှောက်အိပ်ကာတအိအိနဲ့ငိုနေရှာသည်

သူကဘာတွေချို့ယွင်းနေလို့လဲ?

သူ့မှာဘာတွေမပြည့်စုံတာရှိနေလို့လဲ?

ဘာလို့သူ့အချစ်ကိုအသိအမှတ်မပြုပေးနိုင်ရတာလဲ?

အဖြေမရှိတဲ့မေးခွန်းပေါင်းများစွာနဲ့နှလုံးသားလေးကနာကျင်လျက်အဖော်ကင်းမဲ့နေခဲ့တယ်

Yeolအိမ်ကိုတန်းမပြန်ဘဲKrisဆီထွက်လာလိုက်သည်သူဒီညတော့မူးပြီးအိပ်ပျော်သွားရင်ကောင်းမယ်ဘာမှမစဉ်းစားချင်ဘူးလေအမူးသောက်ပြီးKrisကိုအိမ်ပြန်လိုက်ပို့ခိုင်းလိုက်မယ်

Kris:ဟာChanyeolလာကွာငါမင်းကိုမေးစရာရှိလို့ခုပဲမင်းဆီထွက်လာတော့မို့အတော်ပဲ

Chanyeol:ဘာမေးစရာရှိလို့လဲငါတော်တော်ညစ်နေတာနော်ငါ့လာမရစ်နဲ့

မင်းကလည်းကွာငါမေးချင်တာကလွန်ခဲ့တဲ့တစ်နှစ်လောက်ကငါ့barမှာမင်းကူညီပေးခဲ့တဲ့ကောင်လေးသေးသေးလေးလေသူ့အကြောင်းသိချင်လို့ပါကွာမင်းနဲ့ကခင်နေတယ်မလားငါ့ကိုပြောပြပါကွာ

ဘာလဲ?မင်းကသူ့ကိုစိတ်ဝင်စားနေတာလားဘယ်တုန်းက

လဲငါတောင်မသိလိုက်ပါလား?

အမှန်တိုင်းပြောရရင်တော့အဲ့ညတည်းကပဲဒါမယ့်ငါလည်းဘာမှမလှုပ်ရှားဖြစ်ဘူးနောက်မှသူ့သီချင်းတွေတအားပေါက်နေပြီးအဆိုတော်ဖြစ်နေမှန်းသိတာပိုတောင်ကြွေဆင်းသွားတယ်ကွာ

ဟဟ.ဘာလဲဆော်တွေနဲ့နေရတာရိုးသွားလို့ကောင်လေးတွေဘက်လှည့်တော့မယ်ပေါ့မင်းကDoubleမှန်းငါမသိခဲ့ပါလားကွ..ဟဟ

♡  No Promise  ♡Where stories live. Discover now