"Can u be my Boyfriend" (Ep-4)

2.5K 247 0
                                    


<< At Canteen >>

Kai တို့5 ​ယောက်​ canteen ရဲ့ဝိုင်းတ၀ိုင်းတွင်​ ထိုင်​ပြီး စကား​ပြော​နေကြသည်​။ kai ကိုလည်း ​ကောင်​မ​လေး​တေက လာပြီး စကား​တေ​ပြော​နေကြသည်​။ kai က​တော့သူတို့ လာ​ပြောတဲ့ စကား​တေကို အလိုက်​သင့်​​လေးသာ ​ဖြေပြီး ပြန်​​ပြော​နေသည်​။ ထိုစဉ်​ သူတို့ ​နေရာကို တစုံတ​ယောက်​လာ​နေတယ်​ထင်​၍ sehun လှည့့်​ကြည့်​လိုက်​ရာ ...

Hun: ​ဟေ့ ​ဟေ့ ငါတို့​နေရာကို ဘယ်​သူလာ​နေလဲ ကြည့်​ကြအုံး

အကုန်​လုံးလိုက်​ကြည့်​လိုက်​​တော့ .....
Soo သူတို့ဆီကို ဦးတည်​ပြီး လမ်း​လျှောက်​လာ​နေသည်​။ လမ်း​လျှောက်​လာတဲ့ ပုံ​လေးက သိမ်​သိမ်​​မွေ့​မွေ့​လေး .. သူ့ဆံပင်​​လေး​တွေကလည်း ​လေထဲမှာ ​ဖြေး​ဖြေးချင်းပျံ့ဝဲ​နေသည်​။ kai က​တော့ soo ပုံ​ကိုကြည့်​ကာ ​မေးရိုးပင်​ ​အောက်​ပြုတ်​ကျ​နေပြီ ... အဲ့ဒါကို yeol က kai ပါးစပ်​ကို သူ့ရဲ့ လက်​နဲ့ ပိတ်​​ပေးလိုက်​ပြီး

Yeol: မင်းရဲ့ ပါးစပ်​ထဲ ယင်​​ကောင်​ ၀င်​​တော့မယ်​ kai

Kai သူ့ပါးစပ်​သူပြန်​ပိတ်​လိုက်​ပြီး yeol ရဲ့စကားကို ပြန်​မတုန့်​ပြန်​နိုင်​ soo ရဲ့ပုံရိပ်​ကို လွတ်​သွားမှာ စိုး၍ မျက်​​တောင်​မခတ်​နိုင်​ဘဲ သူ့မျက်​လုံးအိမ်​ထဲမှ ကင်​မရာဖြင့်​ soo ရဲ့ ပုံရိပ်​​တေကို အမိအရဖမ်းယူ​နေသည်​။ soo ကလည်း သူ့တည့်​တည့်​ကို ​လျှောက်​လာ​နေ​တော့ သူ့ရင်​ခုန်​သံ​တေ ထိန်းလို့မရ​တော့

Kai(pov:) ငါအိမ်​မက်​များမက်​​နေလား soo ငါ့ဆီကို လာ​နေတာလား??

Soo သူတို့နားကို ​ရောက်​လာပါပြီ... ပြီး​တော့ kai ကိုတချက်​ကြည့်​လိုက်​ပြီး ​ကျော်​သွားသည်​။
Kai: Hmmm?????

Soo kai ​နောက်​မှ အ​အေးစက်​ကိုလာခြင်းဖြစ်​သည်​။ soo အ​အေးစက်​မှ အ​အေးဘူးကို ထုတ်​​နေသည်​။ ​kai က​တော့ သူ့အနားက soo ရဲ့ ရနံ့​လေးကို အမိအရရှု​နေမိသည်​။ အနံ့​လေးက စူးစူးရှရှကြီးမဟုတ်​ ပန်းရနံ့လိုမျိုး​လေးဖြစ်​သည်​။ soo အ​အေးဘူးကိုထုတ်​လို့ရသွား​တော့ သူတို့အနားမှ ပြန်​ထွက်​သွားသည်​။

&quot;Can u be my Boyfriend&quot; [ Complete Fic ]Where stories live. Discover now