"Can u be my Boyfriend" (Ep - 11)

2.5K 212 8
                                    


<< At Soo's Home >>

Tao: soo ​လေးသူငယ်​ချင်း​တေက မလာ​သေးဘူးလား??

Soo အိမ်​​ရှေ့ကို လည်​ပင်းရှည်​မတတ်​ ​လှမ်းလှမ်းကြည့်​​နေ၍ Omma က​မေးခြင်းဖြစ်​သည်​။ soo လည်း ရင်​​တေခုန်​​နေသည်​။ သူ့အိမ်​ကို သူငယ်​ချင်း​တေ မဖိတ်​ဖြစ်​တာ ကြာ​နေပြီမလား...

Soo: သူတို့​ရောက်​ခါနီးပြီလို့ ​ပြောပါတယ်​ ခဏ​နေရင်​ ​ရောက်​​တော့မှာပါ ...

" Tin Tong "

Soo အိမ်​​ရှေ့မှ bell တီးသံ​လေးကြား၍ ​ပြေးပြီး တံခါးဖွင့်​လိုက်​သည်​။ တံခါးဖွင့်​လိုက်​​တော့ kai တို့အုပ်​စုက ..

All: Morning Soo ....

Soo လည်းပြုံးပြလိုက်​ပြီး baek နဲ့ Lu လက်​ကိုဆွဲကာ ...

Soo: Morning .... လာကြ နင်​တို့ကို ငါ​မျှော်​​နေတာ ... appa ​ရော omma ​ရော ..

Baek: ဟုတ်​တယ်​ လမ်းမှာ ကား​တေပိတ်​​နေလို့ ​နောက်​ကျ​နေကြတာ

Soo: လာ အိမ်​ထဲသွားမယ်​ ..

ဆိုပြီး soo baek နဲ့ Lu ကိုလက်​ဆွဲပြီး ​ခေါ်လာခဲ့သည်​။ အကုန်​လုံး ဧည့်​ခန်းထဲမှာ ၀င်​ထိုင်​လိုက်​ပြီး yeolက အရင်​ဦးဆုံး နှုတ်​ဆက်​လိုက်​သည်​။

Yeol: Arjima နဲ့ Arjashi annyeonghasayo ...

Taoris: imm imm

Yeol: Arjishi ကအလုပ်​မသွားဘူးလား??

Kris: အင်း ဟုတ်​တယ်​ ... ဒီ​နေ့ soo သူငယ်​ချင်း​တေ လာမယ်​ဆို​လို့်​ ဦး​လေး Company မသွားတာ ... သူငယ်​ချင်း​တေကို အိမ်​ကို ​ခေါ်တာ ဒါ ပထမဆုံး အချိန်​​လေ...

All: aww....

Soo က​တော့ မျက်​နှာကို ​​အောက်​ချထားလိုက်​သည်​။ kai က​တော့ ဘာစကားမှ ၀င်​မ​ပြောဘဲ soo ကိုသာ ကြည့်​​နေ​လေသည်​။ soo ကဒီ​နေ့ အရမ်းချစ်​ဖို့​ကောင်းတယ်​ ... အရင်​တည်းက ချစ်​ဖို့​ကောင်းတာပါ ... ဒီ​နေ့က​တော့ က​လေး​လေး တ​ယောက်​နဲ့ တူ​နေသည်​။ ​ဘောင်းဘီကို ဒူး​လောက်​​အပွ​လေး ၀တ်​ထားပြီး အ​ပေါ်က လက်​​တ၀က်​ အင်္ကျီ ​လေးကို ကြိုးသိုင်း​လေးနဲ့ ... ဆံပင်​ကိုလည်း နှစ်​ဖက်​ခွဲပြီး ကျစ်​ဆံမြီး​လေးကျစ်​ထားသည်​။ တကယ်​ က​လေး​လေးအတိုင်းပဲ ...

&quot;Can u be my Boyfriend&quot; [ Complete Fic ]Donde viven las historias. Descúbrelo ahora