"Can u be my Boyfriend" (Ep - 8)

2.4K 233 2
                                    


မနက်​​ဝေလီ​ဝေလင်း အချိန်​​လေး ... ဟန်​မြစ်​​ဘေးမှာ ​ကောင်​​လေးနဲ့​ကောင်​မ​လေး ​ပြေးရင်းစ​နေကြတယ်​ ... နှစ်​​ယောက်​လုံး မျက်​နှာ​တေကလည်း အပြုံး​တေကိုယ်​စီနဲ့ ..

ကောင်​မ​လေးက ​ကောင်​​လေး​နောက်​ကို ​ပြေးလိုက်​ရင်း စကား​တေ​ပြော​နေသည်​။
ကောင်​မ​လေးက ချစ်​ဖို့​ကောင်းတယ်​ ... မျက်​လုံးဝိုင်းဝိုင်း နှာတံစင်းစင်း​လေး heart shape lip ​လေးနဲ့.. အားကစားဝတ်​စုံ ပန်း​ရောင်​အ​ဖျော့​လေးကို ၀တ်​ထားသည်​။

Soo: ကို မ​ပြေးနဲ့​တော့ ရပ်​​တော့ soo ​မော​နေပြီ
Soo တ​ယောက်​​မောသံ​လေးနဲ့​ပြော​တော့မှ ​ရှေ့က​ပြေး​နေတဲ့​ကောင်​​လေးက လှည့်​ကြည့်​ပြီး ပြုံးပြကာ soo ဆီ​ပြေးလာ​နေသည်​။

သူ့အရပ်​က ​ယောက်ျား​လေးတ​ယောက်​မှာ ရှိသင့်​တဲ့အရပ်​ .. အရမ်းကြီးမရှည်​လွန်း ... soo တ​ယောက်​ သူ့ကိုဖက်​လိုက်​ရင်​ soo ​ခေါင်း​လေးက သူ့ရင်​ခွင်​ထဲ ​မှာမြုပ်​သွား​လေ့ရှိသည်​။ နက်​​မှောင်​တဲ့ မျက်​ခုံး... ​ဖြောင့်​စင်း​နေတဲ့နှာတံ .. အညို​ရောင်​မျက်​လုံးပိုင်​ရှင်​... ပါးလျှပ်​​နေတဲ့ နှုတ်​ခမ်း​လေး .. ​ယောက်ျားပီသလွန်းတဲ့ ခန္ဓာကိုယ်​... ဖြူ​ဖွေး​နေတဲ့အသားအ​ရေ အဲ့လိုမျိုး သူ့ခန္ဓာကိုယ်​ တခုလုံးက ​ယောက်ျား​​လေးဖြစ်ပြီး ​​soo ကိုဆွဲ​ဆောင်​လွန်းလှသည်​။

သူက soo သိပ်​ချစ်​ရတဲ့ သူ့ရဲ့ချစ်​သူ Jiho ...
Soo သူရဲ့ချစ်​သူကို အရမ်းချစ်​တယ်​ စိတ်​မချ​လောက်​​အောင်​​ပေါ့ ... ကိုက သူ့ထက်​ 2 နှစ်​ကြီးတယ်​။ soo ကခုမှ အထက်​တန်းဒုတိယနှစ်​ပဲ ရှိ​သေး​ပေမယ့်​ ကိုက​တော့ တက္ကသိုလ်​​ကျောင်းသားပါ ...

သူကို့ကို စ​တွေ့တဲ့အချိန်​က soo အဲ့​နေ့က ​ကျောင်း​နောက်​ကျ​နေ၍ လမ်းကိုအမြန်​​လျှောက်​လာရင်း ကို့ရဲ့ ကားလာ​နေတာကို မ​တွေ့​ဘဲ ၀င်​တိုက်​မိရာက​နေ ကိုနဲ့soo ရင်းနှီးလာခဲ့တယ်​။ ​နောက်​ဆုံး ကို sooကို ဖွင့်​​ပြောခဲ့တယ်​။ soo အတိုင်းမသိ​ပျော်​မိတာ​ပေါ့ .. သူချစ်​​နေရတဲ့ ကိုက သူ့ကိုခုလို ဖွင့်​​ပြော​တော့ သူမ​ပျော်​ဘဲ ​နေမလား...

"Can u be my Boyfriend" [ Complete Fic ]Where stories live. Discover now