" Can u be my Boyfriend " (Final Part)

4.7K 278 6
                                    


Soo(pov:) ဘယ်​သူများ ပို့လိုက်​တာလဲ ? ငါ့ဆီကို လက်​​ဆောင်​ပို့စရာ လူလည်းမရှိပါဘူး ..

Soo ပါဆယ်​ဘူး​လေးပိုက်​ပြီး အိမ်​ထဲဝင်​လာလိုက်​သည်​။ အ​ပေါ်ထပ်​ Soo အခန်းထဲကို ဝင်​လာပြီး ကုတင်​​ပေါ်မှာ ပါဆယ်​ဘူးကို ချလိုက်​သည်​။ ​နောက်​ပြီး ပါဆယ်​ဘူးကို ဖွင့်​လိုက်​​တော့ Soo မျက်​လုံး​လေး​တွေ ပြူးသွားခဲ့သည်​ .....

ဘူးထဲမှာ ​တွေ့​နေရတာက Kai နဲ့ Soo မ​နေ့ကဝယ်​ခဲ့တဲ့ Kai ချစ်​သူအတွက်​ဆိုတဲ့ အင်္ကျီ​လေးရယ်​ ဖိနပ်​​လေးရယ်​ ... ​နောက်​ပြီး စာတစ်​​စောင်​ရယ်​ ... Soo စာ​ခေါက်​​လေးကို ဖွင့်​ပြီး ဖတ်​ကြည့်​လိုက်​​တော့ ...

~~ Soo ဒီ​နေ့အဲ့အင်္ကျီရယ်​ ဖိနပ်​ရယ်​ ဝတ်​ပြီး Beautiful Restaurant ကို ည​နေ 6:00 ​လောက်​လာခဲ့​နော်​ ကို ​စောင့်​​နေမယ်​ ~~

Soo(pov:) ​စောင့်​​နေမယ်​တဲ့ ဘာကိစ္စ​ကြောင့်​ပါလိမ့်​ ... ဘာပဲဖြစ်​ဖြစ်​ သွား​တော့သွားကြည့်​ရမှာပဲ ...

Soo ​တွေးရင်း သူဝတ်​ရမယ့်​ အင်္ကျီ​လေးကိုကိုင်​ကြည့်​လိုက်​သည်​ ။

<< At Beautiful Restaurant >>

Soo ဆိုင်​ထဲမဝင်​​သေးဘဲ ဆိုင်​​ရှေ့မှာတင်​ ရပ်​ပြီး ကြည့်​​နေမိသည်​ ။ ဆိုင်​ထဲမှာ မီး​ရောင်​မ​တွေ့သလိုဘဲ ။ Kai ​နေရာများ မှား​ပြောတာလား မသိဘူး ။ Soo ပြန်​မလို့လုပ်​လိုက်​တယ်​ ။ ​နောက်​ပြီး ခဏပြန်​ရပ်​ပြီး စဉ်းစားပြန်​တယ်​ ။

Soo(pov:) မဖြစ်​​သေးပါဘူး Kai ကဒီ​နေရာလို့ ​ပြောထားတာပဲ ...

ဆိုပြီး Soo ဆိုင်​ထဲကို ဝင်​လာခဲ့လိုက်​သည်​ ။ ဆိုင်​ထဲမှာ ​မှောင်​မဲ​နေတာပဲ ဘာမှမမြင်​ရဘူး ။

Soo: Kai ... ​Soo ​ရောက်​​နေပြီ ... ဘယ်​မှာလဲ ဟင်

အဲ့အချိန်​မှာပဲ Soo ​နောက်​က​နေ တစ်​​စုံတစ်​​ယောက်​က ​ပွေ့ဖက်​လိုက်​တယ်​ ။

Soo: အ​မေ့ !!

Kai: ကို ပါ Soo .. ဒီအတိုင်းငြိမ်​ငြိမ်​​လေး လိုက်​ခဲ့​နော်​ ...

ဆိုပြီး Soo မျက်​လုံး​ပေါ်ကို Kai သူ့လက်​​တွေနဲ့ ခပ်​ဖွဖွအုပ်​လိုက်​တယ်​ ။ Soo က​တော့လန့်​ပြီး ဘာစကားမှမ​ပြောနိုင်​လို့ ဘာမှလည်း မ​မေးမိ ။ Kai ​ခေါ်တဲ့​နောက်​ကိုသာ စမ်းတစ်​ဝါးဝါးနဲ့ လိုက်​လာခဲ့သည်​ ။ တစ်​​နေရာ ​ရောက်​​တော့ Kai ရပ်​သွားသည်​ ။

&quot;Can u be my Boyfriend&quot; [ Complete Fic ]Where stories live. Discover now