Part 1

12.6K 856 31
                                    

He and I

"Do Kyung Soo "

ဟော Do Kyung Soo တဲ့ သူ ကျွန်​​တော့်​ ကို ​ခေါ်​နေပြီ ဒါ​ပေမယ့်​ ကျွန်​​တော်​ မသိ ချင်​​ယောင်​​ဆောင်​ကာ အင်္ကျီ​တွေကို ဆက်​ပြီး မီးပူ ထိုး​နေ ​မိသည်​........

Do Kyung Soo

သူ ဆက်​​ခေါ်ပြီ ဒုတိ ယ တစ်​ခါ ....သူ့ အသံက ပထမ တစ်​ခါလို ​ပုံမှန်​ အသံမျိုး မဟုတ်​​တော့ဘဲ အသံ က မာ​သွားပြီ​လေ ....ဒါမယ့်​ ကျွန်​​တော်​ ဂရု မစိုက်​ဘဲ သူ့အင်္ကျီ​တွေ ကို ​ကော့ပြန်​​အောင်​ ​ခေါက်​နေမိသည်

Do Kyung Soo!!!မင်းကို ငါ ​ခေါ်​နေတာ

သူ့ရဲ့ တတိယ တစ်​ခါ ​အော်​သံ အပြီးမှာ​တော့ ကျွန်​​တော်​မ​နေနိုင်​​တော့ဘဲ အခန်းထဲက​နေ ထွက်​လာ ခဲ့သည်​.....အဲ့​တော့ သူက အပြင်​ဘက်​မှာ ခါး​ထောက်​ရပ်​ရင်း

မင်း မကြားဘူး လား မင်း ကို ငါ ​ခေါ်​နေတာ ကြာပြီ ဆိုတဲ့ ခပ်​ဆတ်​ဆတ်​ စကား ​အောက်​မှာ ကျွန်​​တော်​ ​ခေါင်းကို ​အောက်​ငုံ့ထားရင်း

ငါ ငါ မီးပူထိုး​နေလို့ မကြား လိုက်​တာ ဆိုပြီး ​ဖြေရှင်းချက်​ ​ပေးလိုက်​မိသည်

အဲ့​တော့ သူကနှုတ်​ခမ်း တစ်​ချက်​ တွန့်​ရုံ ပြုံးပြီး

မင်းက ​ပြောလိုက်​ရင်​ အဲ့လိုဘဲ ဆင်​​ခြေ​တွေချည်းဘဲ .........

ဆိုတဲ့ သူ့ စကားသံ​အောက်​မှာ ကျွန်​​တော်​ ဘာမှ မတုံ့ပြန်​မိ

ငါ ဗိုက်​ဆာ ​နေလို့ မင်းကို လာ​ခေါ်တာ ငါ့ အတွက်​ စားစရာ တစ်​ခုခု ပြင်​ထားပါ ၁၅ မိနစ်​ ​နော်​ ၁၅ မိနစ်​ အတွင်း ဆိုပြီးသူ​ပြောပြီး သူ့ အခန်းထဲ ၀င်​သွားသည်​ ....၀ုန်းခနဲ့ တံခါး ပိတ်​သံ ​အောက်​မှာ ကျွန်​​တော်​ နှလုံးသား ​လေးလည်း တုန်​လှုပ်​ သွား​လေသည်​...

¥¥¥¥¥¥¥¥

ကျွန်​​တော်​ အဲ့​နေရာ တင်​ ဆက်​ရပ်​မ​နေ​တော့ဘဲ ​အောက်​ထပ်​ ဆင်းကာ

ပေါင်​မုန့်​ မီးကင်​ ​လေး လုပ်​ သူက ​ကော်​ဖီ မကြိုက်​သူမို့ Juice ​လေး ​ဖျော်​ကာစားပွဲ​ပေါ်အသင့်​ပြင်​ထားလိုက်​သည်​.... အသင့်​ ဖုတ်​ပြီးသား ကိတ်​မုန့်​​လေးကို ​တော့ Microwave ထဲထည့်​ကာ​နွေးလိုက်​ပြီး သူ့ အတွက်​ လှီးကာ ပန်​ကန်​ပြား​လေးထဲ သပ်​သပ်​ ရပ်​ရပ်​ ထည့်​ပြီး စားပွဲ​ပေါ်တင်​ထား လိုက်​သည်

He and I (Z+U)Where stories live. Discover now