*****Part 3******

6.5K 704 28
                                    

He And I

သူ့သူငယ်​ချင်း​တွေ ပြန်​​တော့ တံခါး​တွေ ဘာ​တွေ ပိတ်​ပြီးသူ့ကို အ​ပေါ်တတ်​ဖို့ ကျွန်​​တော်​ နှိုး လိုက်​​တော့ သူက မထနိုင်​ ဖြစ်​ကာ သူ့ကိုယ်​ကြီး ကျွန်​​တော့်​ အ​ပေါ် ယိုင်​ကျလာ​လေသည်​ ..

ကျွန်​​တော့်​ သူ့ကိုယ်​ကြီးကို ထိန်းရင်း ​လှေကား​ပေါ် ကို ဒယိမ်း ဒယိုင်​နဲ့ တက်​ကြတာ သူ့ အခန်းဆီသို့ ဉီးတည်​ လိုက်​ကြသည်​....

သူ့  ကိုယ်​ကြီးကို ကျွန်​​တော်​ မနိုင်​မနင်း တွဲပြီး အ​ပေါ် ထပ်​ကို တက်​ရတာလည်းလွယ်​တဲ့ အလုပ်​​တော့ မဟုတ်​​ပေ....တချို့ သူ​တွေကမူး လာရင်​ ငြိမ်​ငြိမ်​​နေတတ်​ကြသည်​ သူက​တော့ အဲ့လို မဟုတ်​ သီချင်း မျိုးစုံ ကို ပါးစပ်​ က​နေ Rap ရွတ်​သလို ​လျောက်​​အော်​ကာ လက်​ကလည်း ကျွန်​​တော်​ ​ကျောပြင်​ ကို တဘုန်းဘုန်း ထု​နေ​လေသည်

ကျွန်​​တော့်​မှာ သူ့ကို မနိုင်း မနင်း ထိန်းကိုင်​ရင်း သူ့ အခန်း​ရှေ့ ​ရောက်​မှ ပင်​ သက်​ပြင်း ချမိသည်​ ...အခန်းထဲ​ရောက်​​တော့ သူက သူ့ ခုတင်​​ပေါ် တန်းလှဲ ပစ်​ချလိုက်​သည်​ အဲ့​တော့ ကျွန်​​တော်​လည်း အလိုက်​ တသိ ပင်​ အ​ပေါ် က ထပ်​၀တ်​ထား တဲ ကုတ်​ရယ်​ ​​ခြေအိတ်​​တွေရယ်​ ကို ချွတ်​​ပေး ပြီး ​စောင်​ခြုံ​​ပေးကာ အခန်းထဲက ထွက်​ဖို့ အလုပ်

ကျွန်​​တော့်​ လက်​ကို လှမ်းဆွဲ လိုက်​တဲ့ လက်​တစ်​စုံ​ကြောင့်​ ကျွန်​​တော်​ လှည့်​ကြည့်​လိုက်​​တော့ ကျွန်​​တော်​ မြင်​လိုက်​ ရတာက သူရဲ့ ညို့ အား ​ကောင်းလှ တဲ့ မျက်​၀န်း တစ်​စုံ .....ကျွန်​တော်​ က သူ့ အကြည့်​ တစ်​ချက်​ နဲ့ တင်​ အသက်​ပါ ပါသွား​လောက်​နိုင်​ သည်​ အထိ သူ့ အကြည့်​ ​တွေ မှာ ကျရှုံး ပြီးရင်း ကျရှုံး ​နေတဲ့ ​ကောင်​တစ်​​ယောက်​ ဆို​တော့ ဒီထက်​ ပို အ​ခြေ အ​နေ မဆိုး ခင်​ သူ့ လက်​​တွေ ထဲက ​နေ ရုန်းထွက်​ ဖို့ လုပ်​​တော့

သူ ​ခေါ်လိုက်​တဲ့ Kyung Soo ဆိုတဲ့ ခပ်​​လေး ​​လေး အသံ​အောက်​မှာ ကျွန်​​တော်​ စိတ်​​တွေ လွတ်​သွား​လေသည်​ ကျွန်​​တော်​ သူ့ကို ပြန်​လှည့်​ကြည့်​​တော့ သူ့ နှုတ်​ခမ်း ​တွေ က ​ကော့တက်​​နေ​အောင်​ ပြုံးကာ မျက်​လုံး​တွေက လည်း တစ်​ခုခု ကို လိုချင်​​နေတဲ့ ပုံဆိုတာ သိပ်​သိ တာ​နေတာမို့ ကျွန်​​တော်​ အလိုက်​ တသိ ပင်​ သူ့နှုတ်​ခမ်း ထူထူ ​လေးနဲ့ ကျွန်​​တော့်​ နှုတ်​ခမ်း ကို ကပ်​လိုက်​​လေသည်

He and I (Z+U)Where stories live. Discover now