Part 5

6.1K 683 15
                                    

He and I

သူက ရုတ်​တရက်​ ကျွန်​​တော့်​ လက်​ကို ဆွဲကာ ​ခြေလှမ်းကြဲကြီး​တွေနဲ့ ​အောက်​ထပ်​ကို ပြန်​ဆင်းလာပြီး အပြင်​မှာ ထားတဲ့ သူ့ကား​ပေါ် ကျွန်​​တော့်​ က်ု ပစ်​တင်​ပြီး ဒရကြမ်း​မောင်းထွက်​ခဲ့သည်

ဘုရား​ရေ ဒါ ဘယ်​ကို သွား​နေတာလဲ??

ဒီ အချိန်​ ည ၁၂ နာရီ​ကျော်​မှ

နှုတ်​ခမ်း ကို ​ရှေ့ကို တစ်​​ထောင်​​လောက်​ ​ထော်​ရင်း ကား​မောင်း​နေတဲ့ သူ့ မျက်​နှာ​ချော​ချော ကို ကျွန်​​တော်​ ကြည့်​ရင်း ကျွန်​​တော့်​စိတ်​​တွေလည်း အ​တွေးများ​နေသည်

¥¥¥¥¥¥¥¥

မီး​ရောင်​စုံ​တွေ ထိန်​ထိန်​​လင်း​နေတဲ့ နာမည်​ကြီး Shopping Mall ​ရှေ့ ကား ကို ထိုးရပ်​ လိုက်​​တော့ ကျွန်​​တော့်​ရဲ့  ပြူးပါတယ်​ ဆိုတဲ့ မျက်​၀န်း​လေး​တွေ ပိုပြူး သွားရသည်

~ ဘာ​ကြောင်​ကြည့်​​နေတာလဲ လာ​လေ ဆိုပြီး တံခါး ကို ဆွဲဖွင့်​ကာ သူ့ လက်​ဖဝါး ​လေး နဲ့ ကျွန်​​တော့်​ လက်​သေး​သေး ​လေး​တွေကို လာတွဲတဲ့ အချိန်​ ကျွန်​​တော့်​ မှာ ရူးမတတ်

ရှေ့ က​နေ ​ခြေလှမ်း ကြဲကြီး ​တွေနဲ့ ​လျောက်​​နေတဲ့ သူ့​နောက်​ ခလုတ်​ တိုက်​မတတ်​လိုက်​ရင်း နာမည်​ကြီး Branded ​တွေချည်း ​ရောင်းတဲ့ ဆိုင်​​ရှေ့  အ​ရောက်​မှာ​တော့

သူက ကျွန်​​တော့်​ကို အင်္ကျီ​တွေဆီ လက်​ညှိုး ထိုးပြရင်း

" မင်း ကြိုက်​တာ​ရွေးလိုက်​ Kyung Soo ငါ ဒီက ​စောင့်​​နေမယ်​ " ဆိုပြီး ​ပြောကာ ​နောက်​လှည့်​ သွား တဲ့သူ့​ကြောင့်

ကျွန်​​တော်​ အဲ့​နေရာတင်​ ​ကြောင်​ပြီး ရပ်​​နေမိသည်​ သူ ခုံတစ်​ခုံမှာ ၀င်​ထိုင်​တာ မြင်​​တော့ ကျွန်​​တော်​လည်း ​တွေ့ ရာ တီရှပ်​​လေး ​ကောက်​ယူ လိုက်​ပီး ​ဈေးကိုလည်း ကြည့်​​ရော

ဘု​ရား​ရေ အင်္ကျီ တစ်​ထည်​ ဒီ​လောက်​​တောင်​ ​ပေးရတယ်​ ဆိုပြီး လန့်​သွားကာ အင်္ကျီ ကို အမြန်​ချပြီး ထိုင်​​နေတဲ့ Jongin လက်​ကို ဆွဲပြီး အမြန်​ ဆိုင်​ထဲ က​နေ ထွက်​လာခဲ့သည်

He and I (Z+U)Where stories live. Discover now