*****Part 2*****

7.2K 743 35
                                    

He and I

Kyung Soo..Kyung Soo ငါ ဒါ​တွေ မစား ချင်​ဘူး ဆိုပြီး​အောက်​ထပ်​က​နေ ​အော်​​နေတဲ့ သူ့အသံ​ကြောင့်​ ကျွန်​​တော်​လည်း အတွေး​တွေကိုဖြတ်​ကာ ​အောက်​ထပ်​ကို​ပြေးဆင်းခဲ့သည်

အောက်​ကို ကျွန်​​တော်​ အမြန်​​ပြေးဆင်း လာ​တောင်​​တောင်​ မှ မီးဖိုခန်းက ထမင်းစား ပွဲမှာ ​မေး​ထောက်​ကာ ထိုင်​​နေတဲ့ သူက

" မင်းက​လေ ​ခေါ်လိုက်​ရင်​ အမြဲတမ်း ​ဝေ့​နေတာ တုံ့​နှေး တုံ့​နှေး နဲ့ အဲဒါ​တွေ ငါမင်းကို မကြိုက်​တာဘဲ"

ဆိုပြီး ကျွန်​တော့်​ ကို မြင်​တာနဲ့ ရန်​လုပ်​တတ်​တဲ့ သူပါ

ကျွန်​​တော်​ က​တော့ထုံးစံအတိုင်း အပြုံး မပျက်​ပင်

ငါ့ကို ဘာလို့​ခေါ်တာလဲ Jongin ဆိုပြီး ​မေးလိုက်​​တော့ သူက ကျွန်​​တော်​ လုပ်​​ပေး ထားတဲ့​ပေါင်​မုန့်​ ပန်းကန်​ကို တွန်းပစ်​ကာ

ငါ မင်းကို ဒါ​တွေ မစား ချင်​ဘူး ဆိုတာ ဘယ်​နှစ်​ခါ ​ပြောရမလဲ တခါလာ တခါ အလွယ်​ လမ်း ဘဲ လိုက်​​နေတာ ဆိုပြီး သူက ​ငေါက်​လိုက်​​တော့

ကျွန်​​တော်​လည်း အပြုံးတု​လေးနဲ့

မင်းက အဆာ​ပြေ စားမယ်​ လို့​ပြောလို့ ငါက အဆာ​ပြေမုန့်​ လုပ်​​ပေး ထားတာပါ ဆိုပီး ​စောဒက တက်​လိုက်​မိသည်

အဲ့​တော့ သူက မျက်​နှာကို ဆူပုတ်​ကာ ငါ ဗိုကိဆာ​နေတယ်​ တခြား ဟာ လုပ်​​ပေး ဆိုပြီး ​ပြောလိုက်​​တော့ ကျွန်​​တော်​က ဘာစား မလဲ ဆိုပြီး ပြန်​လည်း ​မေး​ရော သူက စဉ်းစား သလိုနဲ့

ကင်​ချီ ထမင်း​ကြော်​ စားမယ်

ဆိုပြီး ​ပြောလိုက်​​တဲ့ သူ့ပုံ​လေး​ကြောင့်​ ကျွန်​​တော့်​မှာ​ Refrigerator ထဲက ကင်​ချီ ​တွေ ထုတ်​ကာ ထမင်းနဲ့ ​ကြော်​​ပေး ရပြန်​သည်​...ပြင်​ဆင်​​ပေးပြီး​တော့ သူ့ကို လည်း ချ​ပေး​ရော သူက ​ခေါင်းမ​ဖော်​တမ်း ကို စားတာပါ

....Kim Jongin ဆိုတဲ့ သူက သူ့အ​ဖေ ရဲ့ အ​မွေ Company ​ပေါင်း များစွာ ကို ပိုင်​ဆိုင်​ ထားရ​ပေမယ့်​ တခါ တ​လေ က​လေးဆန်​ဆန်​ ဂျီကျ တတ်​ပါ​သေးသည်​..... တခါ​တ​လေ ဆိုရင်​ ညသန်း​ခေါင်​​လောက်​ကြီး ကျွန်​​တော်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေတဲ့ အချိန်​ ကျွန်​​တော့်​ အခန်းတံခါး ကို အတင်း လာထုကာ နှိုးတတ်​ပြီး သူဗိုက်​ဆာတယ်​ ဆိုပြီး အ​ကြောင်းပြကာ ကျွန်​​တော့်​ကို မုန့်​​တွေ ပြင်​ခိုင်း တတ်​ပါတယ်​...ကျွန်​​တော်​ က​တော့ သူလိုချင်​ တာ ရသွားတဲ့ အခါ သူပြုံးလိုက်​တဲ့ အပြုံး​တွေကို မြင်​တဲ့ အခါ ကျွန်​​တော့်​ နှလုံးသား ​လေးလည်း အကြိမ်​ကြိမ်​ ​မြေခ ​နေရတာပါ

He and I (Z+U)Where stories live. Discover now