Part-5

8.7K 837 55
                                    


"နောက်လထဲတော့ လုံးဝမဖြစ်နိုင်ဘူး…
မယ်မယ်…မင်းကြီးလည်းကျန်းမာရေးမ
ကောင်းသေးဘူး…ပြီးတော့ သူလည်းအခုမှ
ကျောင်းပြီးလာတာ!…"

"မင်းသားလေး အသက်ဘယ်လောက်ရှိနေ
ပြီလဲ…ဒီအချိန်ဆို…မယ်မယ်တို့ မြေးတော်
လေးတွေကိုတောင်…ချော့မြှူနေရတော့
မှာ……ဝန်ကြီးတို့မိသားစုကိုလည်း အားနာ
ဖို့ကောင်းနေပြီ!…"

"ကျွန်တော် လက်မထပ်ဘူးလို့…ပြောနေ
တာမဟုတ်ဘူး မယ်မယ်…သူတို့ကိုအားနာ
ရအောင်လည်း…ကျွန်တော်Yuriနဲ့ နှစ်
ယောက်တည်းတောင်မတွေ့ဖူးဘူး…
ပြီးတော့…မင်းကြီးကျန်းမာရေးကို သူတို့လဲ
သိနေတာပဲ………"

"နှစ်ယောက်တည်းချိန်းတွေ့ဖူးမှ ဂုဏ်သိက္ခာ
ပွန်းပဲ့တာမဟုတ်ဘူး!…မင်းသားလေး
စကားကို ဘာလို့လက်လွှတ်စပယ်ပြောရ
တာလဲ…ပြည်သူတွေကို အသိမပေးသေး
တာကလွဲလို့…တော်ဝင် အသိုက်အဝန်းထဲ
က အားလုံးသိနေပြီးသား……"

ကျွတ်စ်………………………

သောက်လက်စလက်ဖက်
ရည်ခွက်လေးကို ကြွေပန်းကန်ပြားလေး
ထဲ ချလိုက်မိတာ"ဂွပ်"ခနဲတောင်နေသွား
သည်။

သူ့ကိုစူးခနဲလှမ်းကြည့်လိုက်သော မယ်မယ့်
မျက်လုံးတွေကို မသိချင်ယောင်ဆောင်
ကာ…အနီးနားက လက်သုတ်ပဝါဖွေးဖွေး
ကိုကောက်ဆွဲပြီး နှုတ်ခမ်းကို သုတ်နေ
လိုက်သည်။

မတတ်နိုင်ပါ။

ကြာလေ မယ်မယ့်ကိုသူစိတ်ပျက်လာလေ။

ဘာလို့ ဒီလောက်တောင်လောနေရတာ
လဲ ဒီကိစ္စကို။

^ကျွတ်စ်!^

လက်ထပ်ဖို့အရေးကိုသူလုံးဝစိတ်မဝင်စား
တာမျိုးတော့မဟုတ်ခဲ့။

အဲ့ဒါကြောင့်လည်းYuriနဲ့ကိစ္စကိုမယ်မယ်
စပြောလာကတည်းက ခေါင်းမညိတ်ခဲ့ပေ
မဲ့  Sehunခေါင်းလည်းမခါခဲ့တာ။

တော်ဝင်မင်းသားတစ်ယောက်အနေနဲ့
မျိုးဆက်အတွက် လက်ထပ်ခြင်းက မဖြစ်
မနေလုပ်ဆောင်ရမယ့်တာဝန်တစ်ရပ်ဆို
တာကို သူနားလည်ထားပြီးသား။

အချိန်တန်ရင် Yuriမဟုတ်ဦးတောင်မှ
တစ်ယောက်ယောက်ကိုတော့ သူသေချာ
ပေါက်လက်ထပ်မှာပဲဖြစ်သည်။

He Queen Where stories live. Discover now