"ဟေ့ .. ဟေ့ ..!"
ဟင်းခနဲ .. သက်ပြင်းချသံ ခပ်မျဉ်းမျဉ်းနောက်မှာ လိုတာ
ထက်ပိုလာတဲ့ အလေးချိန်က ရင်ခွင်ထဲ တဖြေးဖြေး
နစ်ကျလာခဲ့လို့ ..သင်္ကာမကင်းစိတ်နဲ့ .. တိုးတိုးတိုက်တိုက်အနမ်းတွေကို
သတိပြန်ချပ်လိုက်မိရင်း .. အောက်ပိုင်းထိစပ်နေမှုကိုပါ
ရပ်တန့်ပစ်လိုက်ကာ .. မျက်နှာဆီ စောင်းငဲ့ကြည့်မိ
တော့ ..ထင်တဲ့အတိုင်း .. အဲ့ဒီကောင်လေး .. အသိတွေလွတ်
နေပြီ ။"ကျစ်~~"
ခါးကိုဖိချူပ်ထားမိတဲ့ ကိုယ့်လက်တွေကို ကပျာကယာပြန်
ဖြုတ်ပြီး .. ကောင်လေးကိုယ်လုံးကို ရင်ခွင်နဲ့ခံထိန်း
ထားလိုက်သည်..။ပြီးတာနဲ့ တစ်ဖက်တစ်ချက်စီ ရစ်ပတ်တုပ်နှောင်ထားခံရ
တဲ့ လက်တွေကို ခန်းဆီးစတွေဆီကနေ ဖြေချပေးလိုက်
ရင်း .. ကြမ်းပြင်အောက်ကို ထိန်းပြီး သူရော ကိုယ်ပါ
ဖြေးဖြေးချင်းထိုင်ချရသည်..။ကိုယ်ကနောက်ကနေ သိုင်းဖက်ထားတာမို့ .. ကိုယ့်
ခြေထောက်တွေကြားထဲ ထိုင်လျက်သား အလိုလိုဖြစ်
သွားတဲ့ Luhanနဲ့ ကိုယ့်ရဲ့အနေအထားက ..
ျချစ်သူစုံတွဲတစ်ချို့ ..ထိုင်နေကြပုံစံလိုမျိုး ..။တကယ်တော့ မငြိမ်သက်သေးတဲ့ ကိုယ့်အခြေအနေ
ကြောင့် ရင်ခွင်ထဲက သတိလစ်နေသောLuhanကို
တင်းတင်းကျပ်ကျပ်ပွေ့ပိုက်ထားရင်း .. စိတ်တွေကို
ဖြေလျော့နေရချိန် ..။တချက်တချက် .. လွတ်ထွက်လာတဲ့ညည်းသံတွေကို
နှုတ်ခမ်းကိုက်တားဆီးနေရင်း .. မျက်ရည်တွေပါ
လည်လာခဲ့၏..။ဘာလုပ်ရမလဲ .. တကယ်မသိတော့ပါ ..။
ကိုယ်လိုလူတစ်ယောက်ဟာ .. ဒီလိုအခြေအနေတွေထိ
ရောက်သွားခဲ့တာ .. ဘာတွေ ဘယ်လိုမှားယွင်းမှုတွေ
ကြောင့်များလဲ ..။