Part - 12

3.3K 478 88
                                    

"လာ​လေ ..​ကောင်​​လေးရဲ့ .."

Hyung nim​ခေါ်​နေတာမို့ ကား​ပေါ်ကဆင်းသာ
ဆင်းလိုက်​ရ​ပေမဲ့ ..လူက​အူ​ကြောင်​​ကြောင်​ဖြစ်​လျက်​။

ဝင်​​ပေါက်​ကြီးက​နေဝင်​လာတုန်းက​​​တော့ ရိုးရာပုံစံ
ဟိုတယ်​လို့ထင်​လိုက်​မိ​ပြီး .. ဟိုတယ်​မှာအလုပ်​လုပ
်​ရ​တော့မှာမို့ ..ကြိတ်​ပြီး​ပျော်​​နေခဲ့တာ။

ဒါ​ပေမဲ့ တ​ဖြေး​ဖြေးအထဲ​ရောက်​လာ​မှ မြင်​ရတဲ့
မြင်​ကွင်းအရ ..ဟိုတယ်​မဖြစ်​နိုင်​မှန်း​တွေးမိလာ၏။

ထိုအ​တွေးမှန်​ကန်​​ကြောင်း ကား​ပေါ်ကဆင်းပြီးတာနဲ့
Luhanသိလိုက်ရသည်​..။

ပတ်​ပတ်​လည်​မှာမြင်​​နေရတာ​တွေက ..မြင်​​နေကျ
တွေလို သာမာန်​​ပုံစံမျိုးမဟုတ်​။

နန်း​ဆောင်​လိုမျိုး အ​ဆောက်​အဦး​တွေ ..တံခါးတစ်​ချို့
တွေမှာ​စောင့်​ကြပ်​​နေတဲ့ ..အ​စောင့်​စစ်​သား​တွေ နဲ့ ..
ခပ်​လှမ်းလှမ်းဆီက ​ရေကန်​ငယ်​​တွေဟာ ..

"Hyung nim!ဒါ ဒါ နန်းတွင်းလား ဟင်​.."

မနီးမ​ဝေးခပ်​လှမ်းလှမ်းက​နေ ရပ်​​စောင့်​​နေသည့်
Hyungဆီကို ခပ်​သွက်​သွက်​သွား​လိုက်​ကာ ..
အံ့သြတစ်​ကြီး​မေး​တော့ Hyungကသွား​တွေ​ပေါ်
သည်​အထိပြုံးသည်​..။

ကြည့်​စမ်း..ဒါ တကယ်​နန်းတွင်း​ပေါ့ ။

ကိုရီးယားနဲ့ပတ်​သက်​ပြီး ငယ်​ငယ်​ကXingရဲ့ဖွားဖွား
ပြောပြသမျှ​တွေထဲမှာ နန်းတွင်းလည်းပါခဲ့တာမို့ ..
စိတ်​ထဲမှာမှတ်​မှတ်​ထင်​ထင်​ရှိ​နေခဲ့တာ ..။

နေပါဦး ..ဒါဆို ဒီကိုဘာလာလုပ်​ရတာလဲ ။

ဖွားဖွားကိုလွမ်းဆွတ်​သွားခြင်းနဲ့​ရောပြီး .. ဟိုးတုန်းက
ထီးနန်းအ​ငွေ့အသက်​​တွေကိုပါ လိုက်​ခံစား​နေရင်း
်ဖျတ်​ခနဲဆို အလုပ်​အ​ကြောင်းပြန်​သတိရလိုက်​တာ
ဖြစ်​၏..။

Hyung nimကို​မေးဖို့ပြင်​​နေတုန်းHyungက
လမ်းဆက်​​လျှောက်​ဖို့ အမူအယာပြတာနဲ့ ..​ခပ်​​ဖြေး

He Queen Where stories live. Discover now