Part - 10

6.9K 546 132
                                    

" ​ကောင်​​လေး ..!"

ဟင်​..။

နောက်​က​နေ .ရုတ်​တရက်​ထွက်​​ပေါ်လာ​သော ..
Hyung nimရဲ့အသံ​ကြောင့်​ .. လူက
ဆတ်​ခနဲဖြစ်​သွားသည်​ ..။

ကပျာကယာ​နောက်​လှည့်​ကြည့်​မိ​တော့ ..
ဝတ်​စုံပြည့်​နဲ့ Hyung nimက .. လက်​ဆွဲအိတ်
တစ်​လုံးကို .. လက်​မှာဆွဲထားလျက်။

ဖွင့်​ထားမိတဲ့ .. ပြတင်း​ပေါက်​တစ်​ချပ်​ထဲ​က​နေ ..
လှမ်းမြင်​ရတဲ့ .. ​မနက်​ခင်း​ကောင်းကင်​က ..
မှောင်​မဲ​နေဆဲမို့ .. အလုပ်​သွားဖို့ .. အဆင်​သင့်
့်​ဖြစ်​​နေ​သောHyung​ကြောင့်​ ..
Luhanအံ့သြသွား၏။

"Hyung nim .. ဒီ​လောက်​အ​စောကြီး ..
..အလုပ်​ကတစ်​ခုခုဖြစ်​လို့လား ဟင်​ ?.."

ကိုယ့်​ရဲ့ထိတ်လန့်မှုစွက်ေ​နတဲ့​​​အ​မေးကို .. 
ခေါင်းယမ်းကာ..အိပ်​ချင်​မူးတူး ..ပြုံးပြရင်း ..
Hyungတစ်​​ယောက်​ ..
မီးဖိုခန်းထဲ .. ​ဖြေး​ဖြေး​လျှောက်​ဝင်​လာသည်​ ..။

"မင်းကြီး ..အဲ .. အလုပ်​ကလူ​တွေနဲ့ ..
လမ်း​အတူ​လျှောက်​ဖို့စီစဉ်​ထားလို့​လေ ..
မနက်​ခင်း​လေ့ကျင့်​ခန်း​ပေါ့ .."

ထိုအခါမှ .. . ​အော်​ ..လို့တိုးတိုး
လေးရွတ်နိုင်​ကာ .. ​ခေါင်းတညိတ်​ညိတ်​လုပ်​မိသည်​။

အဲဒီ​နောက်​ ..
Hyungတစ်​​ယောက်​ ..

ကိုယ့်​လက်​ထဲက .ဖန်​ခွက်​ကိုမြင်​​တော့ ..
ပြုံး​နေရာက အံသြသွားကာ .. ဖန်​ခွက်​ကို ..
လှမ်းဆွဲပြီး ..အနံ့ခံရင်း .. မျက်​​မှောင်​​တွေ
ကုပ်​ကျသွား၏..။

"သံပုရာရည်​??.."

ဆွဲလာတဲ့ .. လက်​ဆွဲအိတ်​ကို ထမင်းစားပွဲက..
ထိုင်​ခုံတစ်​လုံး​ပေါ် .. တင်​လိုက်​ကာ ..
ဖန်​ခွက်​အလွတ်​ကို .. စားပွဲ​ပေါ် ​ဒေါက်​ခနဲ ချသည်​ ..။

" ​ကော်​ဖီ​ထ​သောက်​​နေတယ်​ထင်​တာ ..
ဘယ့်​နှယ့်​ .. မနက်​​စော​စောစီးစီး ..သံပုရာရည်​ ..
မင်း မဟုတ်​​သေးဘူး​နော်​ .. ​ကောင်​​လေး .."

ညည်းညည်းညူညူ နဲ့ ..Hyungတစ်​​ယောက်
ဆူ​တော့ .. Luhanအသာ​လေးငြိမ်​​နေမိ၏..။

He Queen Where stories live. Discover now