~found the perfect place to lean on~

5.6K 656 55
                                    

Gong အိမ်နဲ့တော်တော်ဝေးဝေးကြီး လှမ်းလာပြီးနောက် မင်ဆော့ ဘာလုပ်ရမယ်မသိပဲ ငေါင်ပြီးရပ်နေမိသည်။

သူအခု ၀မ်းနည်းနေသလား ဒေါသထွက်နေသလား။ အားငယ်နေသလား။

ဟင့်အင်း။ အဲ့တာတွေ အားလုံးကို ခံစားစွမ်းနိုင်စွမ်း မရှိအောင်ပင် သူ့နှလုံးသားက ထုံနေပြီဖြစ်သည်။

ပြီးတော့ တဖြည်းဖြည်းစဉ်းစားကြည့်တော့လဲ သူတို့က သိပ်မလွန်ဘူးထင်သည်။

သူတို့ကသူ့ကို မလိုချင်ခဲ့သော်လည်း နေစရာပေးထားသည်။(စတိုခန်းကျဉ်းကျဉ်းလေးပေမဲ့လဲ)

စားစရာတွေ ပေးထားသည်။ (သူတို့ မကုန်သည့် အကြွင်းအကျန်တွေ ဖြစ်နေပေမဲ့လဲ)

ဝတ်စရာပေးထားသည်။ (Janny ရဲ့ မတော်တော့သော အ၀တ်အစားအစုတ်အပြဲတွေ ဖြစ်နေပေမဲ့လဲ)

ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဒီအရွယ်အထိ ကျွေးမွေးထားခဲ့သူတွေ မဟုတ်ပါလား။


လမ်းမပေါ် ဦးတည်ရာမဲ့ လျှောက်သွားနေရင်း ကလေးကစားကွင်းနားက ခုံတန်းလျားလေးပေါ် ၀င်ထိုင်လိုက်သည်။ ခြေထောက်များ မသယ်ချင်လောက်အောင် ပင်ပန်းနေသော သူကို ရာသီဥတုကလဲ မျက်နှာသာ မပေးခဲ့ပါ။

ဝတ်လာသော အကျီင်္အပါးလေးကိုပင် လည်ပင်းအထိရောက်အောင် ကြယ်သီးတပ်လိုက်ရင်း သူ ခုံတန်းလျားလေးပေါ် လှဲအိပ်ချလိုက်သည်။ ကောင်းကင်ပေါ်တွင်တောက်ပစပြုလာသော ကြယ်ကလေး တလုံးစ နှစ်လုံးစ ကတော့ သူ့ကို ရီပြနေသယောင်။

တိုက်ခတ်လာသော လေအေးနှင့်အတူ အဝေးဆီမှ ကောင်လေးတွေ၏ရယ်သံက သူ့ဆီ ပျံ့လွင့်လာသည်။

အော်.. သူကကော ဘယ်တော့များမှ သူတို့လို စိတ်လွတ်ကိုယ်လွတ်ရီနိုင်မှာပါလိမ့်။

တွေးရင်း သူ့မျက်ခွံတွေလေးလာသည်။

"မိုက်တယ်နော်"

"အေး။ ကွင်းထဲမှာ ငါတို့ ဘုရင်ပဲဟာ"

"ဒါပေါ့။ ငါတို့ ဖိနပ်ထဲ ကော်သုတ်ထားတာကို ဟိုဖက်အသင်းခေါင်းဆောင် မသိနိုင်လောက်ပါဘူးနော်။"

Another Cinderella StoryDove le storie prendono vita. Scoprilo ora