~ The start of storm (part 2) ~

2K 295 39
                                    

Ⓐⓝⓞⓣⓗⓔⓡ Ⓒⓘⓝⓓⓔⓡⓔⓛⓛⓐ Ⓢⓣⓞⓡⓨ

"ကားပါကင်။

အရေးကြီးလို့။

စောင့်နေတယ်။ "


တုန်ရီနေသော လက်အစုံကို ကြိုးစားထိန်းရင်း သူ Sehun ဆီ မက်ဆေ့ခ်ျပို့လိုက်သည်။

Sehun နားလည်ရဲ့လားတော့မသိ။

မင်ဆော့ ဘာလုပ်ရမယ်မှန်းလဲ မသိ။

ဘာကိုမှလဲ သေချာမစဉ်းစားနိုင်။

ဒါပေမဲ့ သူ တစ်စုံတစ်ခုတော့ လုပ်ရမည်မှန်းသိသည်။

အေးအေးဆေးဆေး အိမ်ပြန်ပြီး ခုနက ကိစ္စအကုန် မဖြစ်ခဲ့ဘူး သဘောထားမလား။

အဲ့သည့်လိုလဲ မလုပ်နိုင်။

Sehun ..

Sehun  သူ့ဆီလာမှ ဖြစ်မည်။ သူ့စိတ်ထဲ ဖြစ်ပေါ်နေသည့် အကြောက်တရားကို Sehun တယောက်တည်းကသာ ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

Sehun  လာလောက်မည့်လမ်းကို လှမ်းလှမ်းကြည့်ရင်း အရိပ်ကလေးတခုတွေ့တော့ မင်ဆော့ အားတတ်သွားသည်။

Sehun ..

သူ့ထုံးစံအတိုင်း ရှပ်လက်ရှည်ကို နှင့် ဂျင်းဘောင်းဘီကို လျော့တိလျော့ရဲ ၀တ်ဆင်ထားပြီး သက်သက်သာသာပင် သူ့ဆီ လမ်းလျှောက်လာနေသည်။

Sehun  အဖို့တော့ အရာအားလုံး အေးအေးသက်သာရှိလှသည်။

အေးလေ။ ငယ်စဉ်ကတည်းက လိုချင်တာရနေသူအဖို့က ပိုင်ဆိုင်ထားပီးသားအရာ လက်လွှတ်လိုက်ရသည့် အကြောက်တရားမျိုး၊ လိုချင်တာမရသည့် ပူပန်မှုမျိုးနဲ့ ဘယ်ရင်းနှီးပါ့မလဲ။

တဖြေးဖြေး နီးကပ်လာရင်း Sehun မင်ဆော့ရှေ့ကို လာရပ်လိုက်သည်။

"ဘာဖြစ်တာလဲ"

ခပ်အေးအေးပင် မတ်တပ်ရပ်ရင်း သူ့ကို ငုံ့ကြည့်မေးသည်။

မင်ဆော့ Sehun  မျက်နှာကို ငေးရင်း စဉ်းစားမိသည်။

တခါတခါလည်း ပိုင်ဆိုင်ချင်မိတာ သိပ်ကို လောဘကြီးရာများ ကျနေသလားမသိ။

သူ့အမေးကို ချက်ချင်းမဖြေတော့ Sehun စိတ်မရှည်စွာ သက်ပြင်းချပြီး မင်ဆော့အနားမှာ လာထိုင်သည်။

Another Cinderella StoryDonde viven las historias. Descúbrelo ahora