~ When we are miles apart (part 2) ~

815 105 25
                                    


"Hello.. မတွေ့တာကြာပြီ။ ဒါက Suho ပြောနေတဲ့ သူ့ရဲ့ မွေးစားသားလား"

ခန ကြာသည် အထိ မင်ဆော့ဆီက အဖြေမရတော့ ထိုသူက အူကြောင်ကြောင်ဖြင့် Suho ကို လှည့်ကြည့်သည်။

Suho ကတော့ အပြုံးဖြင့် လှမ်းပြောသည်။

"မင်ဆော့က နဲနဲ ရှက်တတ်တယ် ထင်တယ်"

"အာ.. သူ့မွေးစားအဖေနဲ့ တူတာပေါ့"

ထိုသူက ပါးချိုင့်ကလေးပေါ်အောင် ပြုံးရင်း မှတ်ချက်ချသည်။

"တော်စမ်းပါ"

Suho က ရှက်ဝဲ၀ဲဖြင့် ပြန်ပြောသည်။

"ငါ့ကို ပထမဆုံးတွေ့တုန်းက ရှက်နေတာပဲ"

နေဦး။ ဒီအခြေအနေကြီးက တမျိုးကြီးပဲ။

မင်ဆော့က အူကြောင်ကြောင်ဖြင့် Jongdae ကို ကြည့်တော့ သူ့ကို ပခုံးတွန့်ပြသည်။

"အဝေးကြီးကလာတာဆိုတော့ ခရီးပန်းလာမှာပဲ။ အိမ်ကို မြန်မြန်ပြန် နားကြတာပေါ့"

ထိုသူက ခပ်ပြတ်ပြတ်ပင်ပြောပြီး ကားဆီသို့ ဦးဆောင်ခေါ်သွားသည်။

ကျွန်တော့်ကို သူ့ နံမည်မပြောရသေးဘူးလေ T_T 

မင်ဆော့ခမျာ စိတ်ထဲကနေသာ အော်မိတော့သည်။


အိမ်ကတော့ သာမာန် ၂ ထပ်အိမ်ကလေးပင်။ ပင်မ အိမ်ကြီး ဘေးနားမှာ တစ်ထပ်တိုက် ခပ်ပုပုလေး တစ်လုံးထပ်ရှိသည်။

ပထမဆုံး ညစာကို သူတို့လေးယောက် လက်ဆုံစားဖြစ်ကြသည်။

ထို ပါးချိုင့်ဖြင့် လူက သူ့ကိုယ်သူ Yixing ဟု မိတ်ဆက်သည်။

ကိုရီးယားစကားကို ခပ်ပြတ်ပြတ်ပြောတတ်ပေမဲ့လဲ ခနအတွင်းပင် သူနှင့် နေသားကျလာအောင် ပြောတတ်သည်။

"သူက ကိုရီးယားလို သိပ်မတတ်ဘူး။ မနဲသင်ပေးထားရတာ"

Suho က လေသံခပ်တိုးတိုးဖြင့် ရှင်းပြသည်။

"တရုတ်လို နားလည်လား"

Yixing က မေးတော့ မင်ဆော့ ခေါင်းခါပြသည်။

"အင်း ဒီမှာ ကျောင်းတတ်ဖို့ဆို တရုတ်စာ သင်မှ ဖြစ်မယ် ထင်တယ်။"

You've reached the end of published parts.

⏰ Last updated: Aug 29, 2020 ⏰

Add this story to your Library to get notified about new parts!

Another Cinderella StoryWhere stories live. Discover now