~ Missing you~~ (christmas special) ~

3.5K 413 66
                                    

ဆုပ်ကိုင်နေကြ လက်ဖမိုးလေး ပျောက်ဆုံးသွားရင်
ကိုယ် အယိုင်ယိုင်အလဲလဲ ဖြစ်သွားမှာ...
ကိုယ့်ကမ္ဘာကြီး အပိုင်းပိုင်းအစစ ဖြစ်သွားမှာ...
အရိုးကွဲလောက်အောင် လွမ်းဆွတ်ခြင်းဒဏ်ကို
ကိုယ်ခံစားရမှာ...

💕💕 Another Cinderella Story 💕💕

အနားက လူတွေများ သူ့ကို ရိပ်မိသွားမလားလို့ မင်ဆော့ စိုးရိမ်မိပါသည်။

အရင်ကလို လူတဦးနဲ့တဦးကြား ထိတွေ့ဆက်ဆံခြင်းဆိုသည်ကို ဘာမှမသိသော အဖြူထည် မဟုတ်တော့သည့်အကြောင်းကို။ သူနှင့် sehun အတူတူနေဖြစ်နေသည့် အကြောင်းတွေကို တယောက်ယောက်ကများ ရိပ်မိနေမလား။

သိသွားရင်ကော သူ့ကို ရွံသွားကြမလား ဟူသော စိုးရိမ်စိတ်တွေဖြင့် အခုတလော သူ ဗျာများနေမိပါသည်။

Baekhyun က သူတို့အားလုံးထဲမှာ ဥာဏ်အကောင်းဆုံးနှင့် လူ့အရိပ်အကဲကို အဖမ်းတတ်ဆုံး။

Baekhyun များ သိနေမလား ဟုလည်း သူ စိုးရိမ်ရသေးသည်။

သူ စိုးရိမ်သည့်အကြောင်း sehun ကို ရင်ဖွင့်တော့ sehun က ဟက်ဟက်ပက်ပက်ရီသည်။

"ငတုံးလေး။ မဟုတ်တာတွေကို တွေးပြီး စိတ်ပူနေတယ်။"

နောက်တော့ သူ့ခေါင်းကို ဖွဖွလေးနမ်းပြီး စိတ်မပူဖို့။ Baekhyun တို့ ရိပ်မိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းဖြင့် နှစ်သိမ့်လေသည်။

တခါတရံတွင်တော့ သူ အူကြောင်ကြောင်တွေ နိုင်နေမှန်းလဲ သူ့ကိုယ်သူ သိပါသည်။

သူ့အရွယ် ယောက်ျားလေးတယောက်ဟာ sex ကိစ္စအပေါ် သိပ်ကြီး ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုတော့မှန်းလဲ သူသိပါသည်။

ဒါပေမဲ့လဲ......

Sehun နှင့် ကုန်ဆုံးခဲ့ရသော အချိန်တွေအကြောင်းကို စဉ်းစားတိုင်း ကြက်သီးများ ထ လာပြီး နှလုံးသားတလျှောက် ပူနွေးသွားသည့် ခံစားချက်မျိုးကို ခံစားရသည်။

ဘဝတလျှောက်လုံး သူ့အပေါ်ချစ်ပေးသည့်၊ သူက ချစ်သည့်လူနှင့် နေရခြင်းကို အသားမကျနေတာလည်း ဖြစ်မည်ဟု သူ ထင်ပါသည်။

Another Cinderella StoryWhere stories live. Discover now