Empathy

1.2K 115 4
                                    

[[ကျ​နော်​အရမ်းနှစ်​သက်​ရတဲ့ ကဗျာ​လေးတစ်​ပုဒ်​]]

♡ စာ နာ ခြင်း သစ်​ ပင်​ ♡

ဘ၀အ​ကြောင်း စာလုံး​ပေါင်းတဲ့အခါ
ငါ့ နာမည်​ ပါပါ​စေ။
အခက်​အခဲ တစ်​ခုကြုံတိုင်း
စိတ်​ညီသူ​တွေ အတူတကွ
လက်​တွဲကြတဲ့အခါ
ငါ့ နာမည်​ကို စာရင်းထဲ ထည့်​ပါ။

ဆောင်းရာသီ ​တောလမ်းက​လေး
ယုန်​က​လေး ​ပြေး​ဆော့ရာ
အမည်​မဲ့ ပန်း​တွေ ဖူးပွင့်​ရာ
ကျောက်​တုံး​တွေကြား
ရောဟာ ​လျှောကျ စီးဆင်းရာ
အဲ့ဒီ​နေရာကို လမ်း​လျှောက်​ ထွက်​ရင်
ငါ့ကို အရင်​ဆုံး ​ခေါ်ပါ။

စားစရာ နည်းနည်းပဲ ရှိလို့
က​လေး​တွေအတွက်​ ခွဲ​ဝေဖို့
ဝေစုကို ​လျှော့ချဖို့ လိုရင်
ငါ့အမည်​စာရင်းကို အရင်​ တင်​သွင်းပါရ​စေ။

သူ့ခံစားမှုကို သူ မသိ​တော့တဲ့
အဘိုးအဘွား​တွေ
မျက်​စိလည်​​နေတဲ့ က​လေးသူငယ်​​တွေ
အနာ​ရောဂါ ထူ​ပြောတဲ့သူ​တွေ
သူတို့ဘက်​မှာ
ငါဟာ အမြဲရှိ​နေပါ​စေ။

ညတစ်​​ရေးနိုး လန့်​နိုးတဲ့
မိဘမဲ့က​လေးတစ်​​ယောက်​ဟာ
ငါ့အမည်​ကို အရင်​ဆုံး သတိရပါ​စေ။

ဘယ်​သူဟာ အထီးကျန်​သူလဲ
သူဟာ ညအခါ
ငါ့ကို အိပ်​မက်​မက်​ပါ​လေ

ဥာဏ်​ပညာ ဗဟုသုတ ကြွယ်​၀သူ​တွေ
ရှေး​ဟောင်း​နှောင်းဖြစ်​များ ​ပြောကြတဲ့အခါ
နောက်​ဆုံးမှာ
ငါ့အမည်​ကို ​ရေ​ရွတ်​ပါ​စေ။

နှစ်​​တွေ လွ​န်ေ​​တာ့
မေ့​လျော့ခြင်းဟာ
ကမ္ဘာ​မြေတစ်​ခုလုံးကို
အတိပြီး​အောင်
ဖုံးလွှမ်း သွားတဲ့အခါ

တစ်​​နေ့မှာ
ငါ့နာမည်​ဟာ
သစ်ပ​င်​က​လေး တစ်​ပင်​အဖြစ်​နဲ့
ကမ္ဘာ​မြေ​ပေါ် ထိုး​ဖောက်​လို့
အသစ်​ရှင်​သန်​ ​ပေါက်​​ရောက်​လာပါလိမ့်​မယ်

❤❤❤❤❤❤❤❤❤❤

cr to owner

I wish I could help this world .
Animals, Orphans, Old people .

တ ​နေ့​ နေ့​ ပေါ့ •^•

Dear Diary ~Where stories live. Discover now