Fairy Tale

823 87 5
                                    

Dear Diary,

ဒါဟာ ပုံမှန်​ ည​နေခင်း တစ်​ခုပဲ ~

အခု အပြင်​မှာ မိုးဖွဲဖွဲ​​လေး ကျ​နေတယ်​။

ခင်​ဗျားက ကျ​နော့်​အတွက်

လွမ်း​မောစရာ​ကောင်းတဲ့

နတ်​သမီး ပုံပြင်​ တစ်​ပုဒ်​ ...။

ကျ​နော်​က အဲ့ဒီ ပုံပြင်​​လေးကို

ညတိုင်း မငြီးမ​ငွေ့နား​ထောင်​တတ်​တဲ့

က​လေး တစ်​​ယောက်​ ..။

~

ကျ​နော့်​အတွက်​ ပုံပြင်​​တွေကို

ခင်​ဗျား ဖန်​ဆင်း​ပေးတယ်​..။

ပုံပြင်​​တချို့ကို ကျ​နော်​ ​ချ​ရေးခဲ့တယ်

ဇာတ်​​ကောင်​က​တော့ ကျ​နော်​ မဟုတ်​ခဲ့ဘူး

~

သူဟာ ခင်​ဗျားကို ချစ်​​ပေး​နေတဲ့သူ

ကျ​နော်​က သူ့ရဲ့ ချမပြနိုင်​တဲ့ ခံစားချက်​​တွေကို အသက်​သွင်း ဖန်​ဆင်း​ပေးရုံ​လေး

~

ခင်​ဗျားရဲ့ သူကို ​အားကျ ​မျှော်​ကြည့်​ရင်း

က​လေးတစ်​​ယောက်​ရဲ့

စိတ်​ကူးယဉ်​ခြင်း​တွေ နူးညံ့ ​ပေါ့ပါးစွာ

မိုး​ရေထဲ ​မျောလွင့်​ ​နေခဲ့တယ်

~

ခင်​ဗျား အသံ​လေးက

ကျ​နော့်​အတွက်

သား​ချော့​တေး တပုဒ်

ခင်​ဗျားရဲ့သီချင်း​ တပုဒ်​ကို နား​ထောင်​ရင်း

နာကျင်​မှု အချို့ကို သိလာရတယ်

အမြဲတမ်း ပြည့်​စုံ​နေစရာ မလိုပါဘူး ~

ဒီအတိုင်း​လေး တည်​ရှိ​နေ​ပေးရင်​ ကိုပဲ

လုံ​လောက်​တယ်​ဆိုတာရဲ့

ဟိုဖက်​ကို ​ကျော်​သွားပြီ

~

ကျ​နော်​​လေ

မဖြစ်​နိုင်​ဘူးဆိုတာကို လက်​မခံချင်​သလို

အိပ်​မက်​ကိုလဲ မစွန့်​လွှတ်​ချင်​ဘူး

ဘယ်​သူက ရပ်​တန့်​နိုင်​မှာတဲ့လဲ

နှလုံးသားဆိုတာ လွတ်​လပ်​မှု တခု

ချစ်​တယ်

ဘာမဟုတ်​တဲ့ ချစ်​ခြင်း တခုဆို​ပေမယ့်

ခင်​ဗျားကို

ကျ​နော်​က

သိပ်​ချစ်​တာ

❤❤❤❤❤❤❤❤❤❤



Dear Diary ~Where stories live. Discover now