Dear Diary,
Hey, အချစ် သိလား
ကိုယ်ဟာ သွေးခန်းမတတ် နာကျင်မှုကို
ရယ်ရဟန်ဆောင်တဲ့ ပြက်လုံးတခုအဖြစ်ပြောင်းလိုက်ဖို့ ဝန်မလေးတတ်သူခံစားချက်တွေကို ဖွဲ့နွဲ့ရေးတတ်လွန်းတဲ့ ကလေးတွေလောက်
ကိုယ်ဟာ အဖြစ်မရှိဘူးဆိုတာ ကိုယ်ပြောရင် ယုံလိုက်ပါ အချစ်တကယ်တော့ ကိုယ်ဟာ
ကိုယ်ရဲ့ စကားတစ်ခွန်းနဲ့ပဲ ..... ကိုယ့်အချစ်တွေကို မြောင်းထဲရောက်စေခဲ့ရုံလေးသုံးစားမရတဲ့ အဲ့ဒီ့အရာကို ပြန်ရုတ်သိမ်းခဲ့တယ် အချစ်ကလေး
မင်းအတွက် ကိုယ့်အချစ်ဆိုတာတွေက
ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘဲ....မင်းပုံပြင်တွေကို ကိုယ် ပြန်ဖတ်နေတတ်ခဲ့ပြီကွယ့်
သူတို့က ပြောပြတယ်
မင်းဟာ အဲ့ဒီ့လောက်ထက်တောင် မြတ်နိုးခြင်းခံရတဲ့ လူသားတဲ့ဒါကြောင့်မို့ ကိုယ် ရုန်းထွက်ခဲ့တာကို ပထမဆုံးအကြိမ် နောင်တမရမိတယ်
လူသန်းပေါင်းများစွာနဲ့ ထပ်တူကျတဲ့ကောင်မလေးတယောက်
ကိုယ်မှ မဖြစ်ချင်ခဲ့တာအရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ရင်
သိပ်ပျင်းစရာကောင်းသွားမှာပေါ့ဘဝအဘိဓာန်မှာ ချစ်ဖူးခြင်းဆိုတာ မရှိခဲ့ရင်
မခါးသက်တဲ့ ကော်ဖီတခွက်လို ဖြစ်သွားမှာပဲဂုဏ်ယူတယ်
ကိုယ်ဟာ မြတ်နိုးခြင်းပေါင်းများစွာနဲ့ အသက်ဝင်နေခဲ့တဲ့
ပန်းလေးလို လှတဲ့ ယောက်ျားတယောက်ကို ချစ်ခဲ့ဖူးသတဲ့ကြယ်တွေရဲ့အလွန်
တိမ်တွေ နေတဲ့အရပ်ဆီမှာ
မိုးသည်းသည်း ကောင်းကင်အောက်ရဲ့
သိပ်မထူးခြားတဲ့ တနင်္ဂနွေနေ့တစ်နေ့မှာ
ကိုယ် မင်းနဲ့ ဆုံဖူးချင်ပါသေးတယ်မိုးအတူမိကြတဲ့ ထီးမပါတဲ့
ဖြတ်သွားဖြတ်လာနှစ်ဦး
တယောက်ကိုတယောက် ပြုံးပြမိကြမယ့်
အခြေအနေတခုလိုပေါ့ဟော
ကိုယ် ဟာသလုပ်နေမိပြန်ပြီ ထင်ရဲ့