သို့ ~ အချစ်

251 22 0
                                    

Dear Diary,

ကတိပေးပါ

ဘယ်သူ့အတွက်ကြောင့်နဲ့မှ ခင်ဗျား မနာကျင်ပါဘူးလို့ ~

🍁

လူတွေဟာ ဒဏ်ရာတွေနဲ့ ရင့်ကျက်ကြတယ်
နာကျင်ခြင်းတွေဟာ ခံနိုင်ရည်ထက် အမြဲတမ်း ပိုတယ်လို့
လူတွေ ဆိုလေ့ရှိကြတဲ့ အမှန်တရားတွေဟာ
ခင်ဗျားအတွက်တော့ မဟုတ်ဘူး

တောင်းဆိုတာပါ

ခင်ဗျားကိုယ်တိုင်အတွက်က လွဲ
ဘယ်သူ့ကြောင့်နဲ့မှ မငိုကြွေးပါနဲ့

တရားမျှတတဲ့ လောကကြီးရဲ့ အပြင်ဘက်မှာ တဆိတ်နေထိုင်စမ်းပါ

ခင်ဗျားပဲ စဉ်းစားကြည့်ပါဦး

ကျွန်တော့်အတွက်တော့ ပန်းတစ်ပွင့်ဟာ
ချိုးဖဲ့ခူးယူခံရဖို့ ဘယ်တုန်းကမှ မထိုက်တန်ခဲ့ဖူးဘူး

ကြောင်လေးတစ်ကောင်ဟာ စူးစူးနစ်နစ် အော်ဟစ်ရဖို့
ဘယ်အခြေအနေမှာမှ မဖြစ်သင့်ခဲ့ဘူး

ထို့အတူ ခင်ဗျားရောပဲပေါ့

🍁

ပို့သူအမည်မဲ့ စာတစောင် အစချီချင်မိပါရဲ့

ကျွန်တော့်ရဲ့ ကြောင်ဆိုးလေးသို့

🍁

ဒီလိုလေးပဲ ခင်ဗျားနဲ့ကျွန်တော်
တယောက်ကိုတယောက် မသိစတမ်း
ချစ်ကြရအောင်

ကိုယ့်ပုံပြင်တွေရဲ့ ပိုင်ရှင် ကိုယ့်အချစ်ရယ်

🍁





Dear Diary ~Where stories live. Discover now