Ep.7

18.8K 1K 73
                                    

Kyungsoo ဆီကနေအ​ကြောင်းစုံသိခဲ့ရပြီ...
Park Chanyeol ကိုသူ​ပြောခဲ့တဲ့စကား
တွေက Chanyeol ရဲ့သိက္ခာကို​စော်​ကားသလို
ဖြစ်​သွားမှန်းသိ​သော်​လည်း ​တောင်းပန်​ဖို့ရာ​တော့
မဖြစ်​နိုင်​..

တောင်းပန်​ဖို့က မာနခံ​နေသည်​မဟုတ်​​သော်​လည်း
တောင်းပန်​ရမည့်​သူက Park Chanyeolဖြစ်​​နေ၍
လားမသိ...Baekhyun သူ့အမှားသူသိ​သော်​လည်း
မသိလိုကိမသိဘာသာသာ​နေ​နေ၏..

Kyungsoo ကိုလည်းအ​ကြောင်းစုံ​ပြောပြလိုက်​တယ်​​လေ...
အ​ကြောင်းစုံဆို​သော်​လည်း ထိန်​ချန်​ထားတာ​တွေ
တော့ရှိတာ​ပေါ့..တစ်​ချို့ကိစ္စ​တွေကနှုတ်​ကဖွင့်​​ပြော
ဖို့မှမဖြစ်​နိုင်​တာ..

Park Chanyeol ဆိုတာကသူ့ရဲ့​မွေးစားအစ်​ကို
ဖြစ်​​ကြောင်း​တွေ တစ်​အိမ်​ထဲအတူ​နေရတဲ့အ​ကြောင်း​တွေ​တော့​ပြောထား၏..

...

"Chanyeol..
သား​ကျောင်းသွားရင်​ Baekhyunကိုပါတစ်​ခါတည်း​ခေါ်သွားလိုက်​ပါလား..တစ်​​ကျောင်းတည်း
တက်​ပြီး.."

Mrs.Park ​ပြော​တော့ Baekhyun ငြင်းမိပါ၏..

"မဟုတ်​တာ...ကျ​တော်​ကိုယ့်​ဘာသာကိုယ်​လိုင်း ကားနဲ့သွားလို့ရပါတယ်​..Omonyi..Hyungက
သူ့ဖာသာသူသွား​နေကျပဲ.....~"

"လိုက်​ခဲ့​လေ..Baekhyun..."

"ဟင်​.."

ဘာလဲ...အခုက Park Chanyeol နဲ့တူတူတစ်​ကားတည်းစီးပြီး​ကျောင်းသွားရမှာလား..
ဟာ...!စိတ်​ရှုပ်​လိုက်​တာဗျာ..

"လိုင်းကားနဲ့ပဲသွား....~"

"ငါကနူ​နေလို့လား...ဟမ်​!...
Byun Baekhyun.."

Mrs.Park ​ရှေ့မှာဆို​တော့အ​ခြေအတင်​​တွေစကား
များ​နေရင်​လည်းမဖြစ်​ဖူး​လေ..ထို့​ကြောင့်
Baekhyun ကပဲအ​လျော့​ပေးလိုက်​ရ၏..

ကျောင်းသွားဖို့ရာ Chanyeol ရဲ့အနီရောင်
အမိုးဖွင့်​ကား​လေးက​စောင့်​ကြို​နေ​လေသည်​..
ကားတံခါးတွင်​ မီးပုံစံကို​ဆေးမှုတ်​ထား​လေသည်​..

Baekhyun ကို Mrs.Park ကကားဝယ်​​ပေးမည်
ပြော​သော်​လည်း Baekhyun မလိုအပ်တဲ့အရာ
ဟုထင်​ကာတမင်​ငြင်းခဲ့ခြင်းသာ..

Love Policy(Completed) Where stories live. Discover now