Ep.12

15.5K 1K 44
                                    

(Sound Track လေးတစ်ခုထည့်ပေးထား
ပါတယ်....Because I´m stupid
F4ဇာတ်လမ်းထဲကသီချင်းပါ..အခုမှပြန်
ထည့်လိုက်ရတာ..Sry^^)

"မင်းတို့က ဒီအခြေအနေထိရောက်နေပြီပေါ့..
ဟုတ်လား.."

Mrs.Park ကိုကြည့်ရတာတော်တော်ဒေါသ
ထွက်နေတဲ့ပုံပင်..ဒေါသထွက်နေတာထက်
သူမွေးစားထားတဲ့ Baekhyun နဲ့သူ့သား
အရင်း Chanyeol တို့ ကဒီလိုအခြေအနေ
မျိုးထိရောက်နေတာကိုတော်တော်စိတ်ပျက်
မိတယ်...

"Baekhyun..ငါမင်းကိုပထမဆုံးအကြိမ်
စိတ်ပျက်မိတာပဲ...အခန်းထဲသွားတော့..."

Baekhyun ခေါင်းငြိမ့်ပြကာသာအခန်းထဲ
သို့ဝင်သွားလိုက်တယ်...
ဖြစ်သင့်ပါတယ်...ဒီအချိန်မှာ Mrs.Park
က သူ့မျက်နှာဘယ်မြင်ချင်မလဲလေ...

Chanyeol ကတော့ မထုံတတေးမျက်နှာ
နှင့် Sofaပေါ်တွင်ထိုင်နေဆဲ...

"ဘယ်တုန်းကလဲ..."

Mrs.Park မေးတာကိုပြန်မဖြေ...
Chanyeol ရဲ့မျက်နှာကနှုတ်ခမ်းတို့ကို
တင်းနေအောင်စိထားပြီး အလိုမကျသော
ပုံမျိုး...

"Baekhyun နဲ့မင်းနဲ့ဖြစ်နေတာ..
ဘယ်တုန်းကတည်းကလဲ.."

Chanyeol ပုံက
လက်သီးကိုတင်းတင်းဆုပ်ထားပြီး..
ဘယ်လိုမေးမေး..အသေသတ်မဖြေဘူး..
ဆိုတဲ့ Size..

"မင်းမဖြေရင်...ငါလုပ်ရမှာတစ်နည်းပဲ
ရှိတယ် Chanyeol.."

"အင်း..အဲ့တစ်နည်းကိုပဲလုပ်လိုက်ပါ..
Omma.."

Mrs.Park ကိုထိုစကားတစ်ခွန်းကိုပြော
ကာ Chanyeol အခန်းထဲသို့ဝင်သွား၏..

Mrs.Park လည်း ခံစားချက်မဲ့နေတဲ့
Chanyeol ပုံစံကြောင့် နည်းနည်းတော့ စိတ်ထင့်နေမိ၏..

..........................................

Baekhyun သူ့ရင်ဖက်ပေါ်ကပေနေတဲ့ Creamတွေကိုမှန်ထဲကနေကြည့်နေမိတယ်

သူနဲ့ Chanyeol ရဲ့ဆက်ဆံရေးကဘယ်
တော့မှအဆင်ပြေတော့မယ်မထင်...

အခု Mrs.Park ကတော့အထင်လွဲသွား
လောက်တယ်...

ဒါပေမယ့် Mrs.Park က သူနဲ့ Chanyeol
အကြောင်းကိုနှိုက်နှိုက်ချွတ်ချွတ်မေးလာ
သောအခါ သူဘယ်လိုဖြေရမလဲမသိ
ပေ...

သူတို့နှစ်ယောက်ဆက်ဆံရေး...
ချစ်သူတွေ...မဟုတ်ပါဘူး...
ချစ်တယ်လို့ Chanyeol တစ်ခါမှမပြောဘူး

Love Policy(Completed) Where stories live. Discover now