Ep.14

14.7K 1K 62
                                    

အိပ်ပျော်တဲ့သူ့ကိုဒီတိုင်းလေးမျှော်ကြည့်ပြီး
ထွက်​သွားမလို့ပါပဲ...

မင်း အိပ်နေတဲ့အခါ မျက်ဝန်းတို့ကပိတ်
လှောင်ထားတဲ့အခါ...မင်းမျက်နှာလေးကို
ကြည့်ရတာ..ငါစိတ်ပိုသန့်တယ်...
နာကျင်ခြင်းလည်းကင်းမဲ့တယ်...

ပိန်သွားသလိုရှိတဲ့ ခန္တာကိုယ်သေးသေးလေး
သည်စောင်ပုံထဲမှာနစ်မြှုပ်လို့...
နောက်ကျောပေးထားသောကျောပြင်လေး
သည် သေးသေးကုန်းကုန်းလေးဖြစ်နေကာ
လူမမာရုပ်ကိုထွက်လို့...

ခပ်လျော့လျော့ပိန်ထားတဲ့မျက်ခွံလေးတွေက
မို့မို့လေးဖြစ်နေပေမယ့် အရင်ကဖောင်းနေ
တဲ့ ပါးဖောင်းဖောင်းလေးတွေနေရာမှာ
အနည်းငယ်ထောင်နေသော ပါးရိုးတွေက
နေရာယူလို့...

ဘာလို့လဲ...Baekhyun...
မင်းကိုယ်တိုင်ငြင်းဆန်ခဲ့တာပဲလေ...
ငါ့အချစ်​တွေကိုပစ်ပစ်နှစ်နှစ်နင်းချေခဲ့ပြီး
စိတ်ချမ်းသာနေရမယ်မလား။..

အခုကဘာလို့ စိတ်ဆင်းရဲနေတဲ့ပုံပေါက်နေ
ရတာလဲ...

ဆံပင်တွေကလည်းလူးလိမ့်ပြီးအိပ်ထားတာ
ကြောင့်ရှုပ်ပွလို့...
မျက်နှာလေးကိုရှင်းရှင်းမမြင်ရတဲ့အတွက်
Chanyeol ရဲ့လက်တို့က Baekhyun
ရဲ့နဖူးပေါ်မှဆံစလေးတွေကိုသပ်တင်ပေး
လိုက်၏..

ဆံနွယ်တွေအောက်ကပေါ်လာသောနဖူးပြင်
နုနု...
သပ်တင်ပေးလိုက်ကာမှမှားလေခြင်း..

ထိုနဖူးလေးပေါ်ကို နှုတ်ဆက်တဲ့အနေနဲ့..
နွေးထွေးပြီးဆိတ်ပျံ့ဖွယ်ကောင်းသောအရာ
ကိုစွန့်ကြဲပေးချင်တဲ့ စိတ်ကမထိန်းနိုင်တော့

နဖူးပြင်ဖွေးဖွေးပေါ်သို့ နွေးထွေးဖူးလုံးနေ
သောနှုတ်ခမ်းဖြင့်ထိကာဖွဖွလေးထိကပ်
လိုက်၏..

အထိအတွေ့...

အထိအတွေ့ဆိုတဲ့အရာက သူတို့နှစ်ယောက်
ကြားက အန္တရာယ်တစ်ခုပါ..

သူဆိုတဲ့ လူက Byun Baekhyun ရဲ့အထိ
အတွေ့မှာအကြိမ်ကြိမ်ကျရှုံးဖူးတယ်ဆိုတဲ့
Result ရှိတဲ့သူပါ...
ထိတွေ့နေရင်းနဲ့က သူ့ကိုလက်မလွှတ်ပေး
နိုင်တော့ရင် ဆိုတဲ့အသိစိတ်ဝင်လာတာ
ကြောင့်....

Love Policy(Completed) Where stories live. Discover now