Ep.16

13.9K 991 71
                                    

"Byun Hyun...!...
Yah...မအေးဘူးလား..ရော့.."

Coffee တစ်ခွက်ပေးလာသောကြောင့်
လက်ထဲသို့ထည့်လိုက်ပြီးလက်ဖဝါးထဲဆုပ်
ကိုင်ထားမိတယ်..

ပူပူနွေးနွေးကော်ဖီခွက်လေးကအံ့အားသင့်
စွာလက်ဖဝါးတစ်ခုလုံးကိုအပူပျံ့နှံ့သွားစေ
၏..

နွေးသွားတဲ့လက်ဖဝါးလေးကိုပါးပြင်ပေါ်
တင်လိုက်တော့ ပါးပြင်လေးပါနွေးသွား၏..

"What are U waiting For Baekhyunne..?
မဟုတ်မလွဲ..မိုးရွာတာစောင့်နေတယ်လို့
တော့ငါ့မပြောနဲ့နော်.."

သူ့ဘာသာမေးသူ့ဘာသာသူပြောသွားသော
သူ့ကိုနှုတ်ခမ်းလေးထော်ကာကြည့်ပြီး
မျက်စောင်းတစ်ချက်ထိုးလိုက်၏..

"Baekhyunne ရာ...ကလေးမဆန်နဲ့တော့
ကွာ..အိုနေပြီကို.."

"မင်းနော်...ဘာအိုတာ..ဘာအိုတာ..?"

"Ahak..ဘာလဲ..အရှိုက်ထိသွားတယ်ကျန်..
အိုချင်တာအကုန်အိုနေတာလေ.."

"Yah..Oh Sehun..မင်းနော်..ဒီမှာအေး
နေရတဲ့အထဲ..လာမစနဲ့..ဂိုးဂိုး..ရှူး..ရှူး.."

အေးနေတယ်လည်းဆိုရော Sehun ရဲ့ခေါင်း
ပေါ်က သိုးမွေးဦးထုပ်အနီရောင်လေးက
Baekhyun ရဲ့ခေါင်းသို့ရောက်လာ၏..

ထို့နောက်...လည်ပင်းကမာဖလာပန်းရောင်
လေးကလည်း baekhyun ထံသို့ပိုင်ရှင်
ပြောင်းရွေ့လာ၏..

"တော်တော့..မင်းဟာတေဘာလို့ငါဆီအကုန်
ပုံပေးနေတာလဲ..ငါကတော့အဆင်ပြေပါရဲ့.
မင်းကြတော့ရော.."

"ငါကမင်းအဆင်ပြေရင်ပြေတာမို့..!"

Sehun က နှုတ်ခမ်းလေးကိုပြေပြစ်စွာတွန့်
ရုံလေးသာပြုံးလိုက်ရင်းဖြေလိုက်၏..

Baekhyun ကတော့Sehun ရဲ့အပြုံး
သဲ့သဲ့လေးတွေကိုမမြင်ပေ...
မမြင်တာလား.။မမြင်ချင်ယောင်ဆောင်တာ
လား....သူကိုယ်တိုင်ပဲသိတယ်...

ကျဆင်းနေသောနှင်းမှုန့်လေးတွေကို လက်ဖြင့်ခံထားလိုက်၏..

ဖွဲဖွဲလေးတွေကျဆင်းနေသောအမှုန်လေးတွေ
ကနှင်းတဲ့လေ...

"Sehun ah..ဘယ်တော့မိုးရွာမှာလဲဟင်.."

"ငါကမိုးလေဝသဌာနကမဟုတ်ဘူးလို့..
ဘယ်နှခါပြောရမလဲ.."

Love Policy(Completed) Onde as histórias ganham vida. Descobre agora