5.3K 470 3
episode-(5)
စာကြည့်စားပွဲတွင် ထိုင်ကာနေ့လည်က
သင်လိုက်သည့် သင်ခန်းစာတွေအား
ပြန်ကြည့်ရန် စာအုပ်အဖွင့်။
မြင်လိုက်ရသည်တွေက စာအုပ်အပြည့်
အသဲပုံတွေ။
တစ်ရွက်ချင်းဆီ လှန်လှောကာကြည့်လိုက်သည်။
တစ်ရွက်တည်းမဟုတ်။ အရွက်တိုင်းမှာ
အသဲပုံလေးတွေ ပါနေတာ။
မဟုတ်သေးပါဘူး။ တစ်ခုခုတော့မှားနေုပြီ။
ကျွန်တော့်စာအုပ်က သုံးလေးမျက်နှာလောက်
ရေးပြီးသားပါ။
အခုဟာက လုံးဝ အသစ်ချက်ချွတ်ကြီး။
တစ်အုပ်လုံးအပြည့်ကို love signတွေ
ဆွဲထားတာ။
အဖုံးကြည့်တော့လည်း ကျွန်တော့်စာအုပ်နဲ့
တထေရာတည်း။
Awwသိပြီ။ ဟိုငမွှေထိုးမ လုပ်ချသွားပြန်ပြီ။
တွေ့ကြပြီပေါ့ကွာ။ မင်းနဲ့ငါ…။
Baek::ဖီဖီ မောနင်း မီမီ Good မနက်ခင်း။
Suho::Xingရေ သတိထားတော့။ မင်းသမီး
ငရှဥ့်ဖင်ထိုင်လာပြီ။
Xing::ဘာလဲ? ငရှဥ့်
Suho::ပြောင်ချော်ချော် ဖြစ်လာပြီလို့
ပြောတာ။
Xing::အာ့ လူလိုပြောပါလားလို့။
Suho::ငါကထဟောင်နေလို့လား?
Xing::ရှင်ထဟောင်ရင် ကျွန်မကပြန်ကိုက်မှာပေါ့
Baek:'stop stop ဒီကလေးတွေ တယ်ခက်ပါလား?
မိုးမလင်းသေးဘူး ရန်ဖြစ်နေပြီ။
Xing::ငါခေါက်လိုက်ရ။ နင့်ကြောင့်ငါတို့လင်
မယား ရန်ဖြစ်ရတာ။
Suho::ဟုတ်တယ်။ မိန်းကလေးဖြစ်ပြီး
မျက်နှာက ပြောင်စပ်စပ်နဲ့ဟွန့်။
Baek::ကြည့်တွေ့လား? ဒီသမီးလေး တစ်ယောက်
တည်းရှိတာကို စိတ်ညစ်အောင်လုပ်ပြန်ပြီဗြဲ။
တော်ပြီ ကျောင်းပဲသွားတော့မယ်။
Suho::သွားသင့်တာကြာပြီ။
Xing::ဟုတ်ပါ့ မြန်မြန်ကြွ။
Baek::ဟွန့် သူများကိုအတင်းနှင်ထုတ်နေကြ
တယ်။ သူများမရှိမှ သူတို့ဟွန်း
ကျွန်မCrushနှင့် တစ်ထောင့်တစ်ည [ က်ြန္မCrushနှင့် တစ်ထောင့်တစ်ည ]Where stories live. Discover now