5.2K 454 4
Episode-(8)
စာအုပ်လေးအား ပိုက်ကာခေါင်းလေးငုံ့ကာ
လမ်းလျှောက်လာစဉ် ဘေးမှစနေသည့်
ကောင်လေးတစ်စုကြောင့် လူကခြေလှမ်း
တွေတောင် မှားချင်နေပြီ။
လှေကားထစ်တွေအား မနည်းထိန်းတက်
နေသည့်တိုင် သူတို့တွေစတာမရပ်သေး။
စာအုပ်အား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်
ကာ လှေကားတစ်ထစ်အား နင်းအတက်
အရှေ့မှ ပိတ်ရပ်လိုက်သည့် လူတစ်ယောက်။
ကျွန်မမော့မကြည့်ဖြစ်။ ခေါင်းကိုသာငုံ့ထားရင်း
ထိုလူအား ကျော်ကာဆက်သွားမည်အပြု  နားထဲ
တိုးဝင်လာသည့် အသံတစ်ခု။
Yeol::မင်းတို့ကလည်းကွာ ကလေးကို
မစပါနဲ့။
ဒီအသံ ဒါPark Chan Yeol^^
Baek::Chan Chan.Yeol
အံ့သြတကြီး မော့အကြည့်။
ပြုံးပြီးကြည့်နေသည့် သူ့အကြည့်တွေအောက်မှာ
ခြေထောက်က မခိုင်ချင်တော့။
လက်ထဲမှ စာအုပ်တွေလည်း ဘယ်အချိန်
လွတ်ကျသွားသည်မသိ။
သူကျွန်မဘေးမှ ဖြတ်ကျော်ကာ အောက်နား၌
ပြန့်ကျဲနေသည့် စာအုပ်တွေအား လိုက်လံ
ကောက်ပြီး ကျွန်မလက်ထဲသို့ ထိုးပေးသည့်
စာအုပ်လေးတွေ။
ကျွန်မမယူဖြစ်။ သူ့မျက်နှာကိုသာ ငေးကြည့်
မိနေဆဲ………။
Yeol::ယူလေ ဘာလဲ? မယူတော့ဘူးလား?
Baek::gomawow
Yeol::ရပါတယ်။ မနေ့က ကိစ္စအတွက်
sorryနော်။ အဲ့ဒါပြောချင်လို့
Baek::nae gwinchanayo! Baekက
ရှင့်ကို စိတ်မဆိုးပါဘူး။ Baekက ရှင့်ကို
နှောင့်ယှက်မိလို့တောင် Baekကအားနာ
နေတာပါ။
Yeol::omm
ဘာလားဟ!! ခေါင်းတစ်ချက် ညိတ်ပြီး
လှည့်ထွက်သွားသည့် သူ့အားကြည့်
ကာ ကျွန်မမှာဇဝေဇဝါ။
Park Chan Yeol ရှင်ကဘယ်လိုလူစားမျို.းလဲ?
ရှင်စကားပြောချင်တဲ့ အချိန်ပြောပြီး
ရှင်စိတ်မပါတော့တဲ့အချိန် လှည့်ထွက်သွားရအောင်
ကျွန်မကို ရှင့်ရဲ့ကရုပ်ကလေးများ ထင်နေလား??
ကျွန်မCrushနှင့် တစ်ထောင့်တစ်ည [ က်ြန္မCrushနှင့် တစ်ထောင့်တစ်ည ]Where stories live. Discover now