6.9K 512 11
episode-28(◑_◑)
ဆန်ပြုတ်ပန်းကန်နှင့် ဆေးထည့်ထားသည်
ဗန်းအားကိုင်ကာ အပေါ်တက်လာတော့
ကုတင်ထက်မှာ ငူငူကြီးထိုင်နေတဲ့yeol!
ငိုထားပုံရသည်။ မျက်ဝန်းအိမ်ထက်မှာ
မျက်ရည်စလေးတွေ တွဲလျားခိုလို့။
ဗန်းကာစားပွဲပေါ်တင်ကာ ကပြာကယာ
အနားပြေးသွားပြီး yeolပါးနှစ်ဖက်အား
ကိုင်ကာ မျက်ရည်စတွေဖယ်ရှားပေလိုက်သည်။
"baek~~yeol wae?ဘာလို့ငိုထားတာလဲ?"
ကျွန်မအမေးအား ပြန်မဖြေပဲ တင်းကျပ်စွာ
ဖက်လိုက်တဲ့သူ။
အံ့သြသွားပေမဲ့ မရုန်းမိ။
အလိုက်သင့်လေး သူ့ပခုံးပေါ်မှေးစက်ရင်း
ပြုံးလိုက်သည်။
"yeol~~မသွားပါနဲ့ ကိုယ့်နားကထွက်မသွားပါနဲ့"
"baek~~arrnyi မသွားဘူးနော်! yeolမောင်း
ထုတ်ရင်တောင် baekကလုံးဝ yeolနားကထွက်
မသွားဘူး"
"yeol~~ကိုယ်အိပ်မက်မက်တယ် baekက
ကိုယ့်ကိုကွာရှင်းမှာတဲ့ ကိုယ့်ကိုမုန်းတယ်တဲ့"
"baek~~agiooဘာလို့ကွာခိုင်းရမှာလဲ?"
"yeol~~အိပ်မက်ကနေနိုးလာတော့လေ
baekမရှိတော့ ကိုယ့်ကိုထားသွားပြီထင်နေတာ"
"baek~~agioo Park Chanyeolဘယ်တုန်းက
အဲ့လောက် ပူပန်တတ်သွားရတာလဲ?"
မျက်စောင်းလေးထိုးကာ ကျွန်မဆိုတော့
သူခပ်ယဲ့ယဲ့လေး ပြုံးသည်။
"baek~~agiooဘာရယ်တာလဲ? ဖြေလေ"
"yeol~~Baekkieဆိုတဲ့ ငမွှေထိုးလေးကို
စပြီးချစ်မိသွားတဲ့ အချိန်ကဖြစ်မယ်"
"baek~~Omo ဘာရယ် ဘာရယ် နားကြား
များမှားသွားလေသလား?"
ရင်ဘတ်လေးဖိကာ မျက်လုံးလေးပေကလပ်
ပေကလပ်လုပ်ရင်း ပြောနေသည့် ကောင်မလေး
၏ ပခုံးနှစ်ဖက်အား ကိုင်လိုက်ပြီးးး
"yeol~~အတည်ပြောတာ သူများတွေလိုလည်း
ကဗျာမဆန်တတ်ဘူး တစ်ထောင့်တစ်ည ပုံပြင်
တွေလိုလည်း ဖွဲ့နွဲ့ပြီးမပြောတတ်ဘူး တည့်ပဲပြော
မယ် Baekကိုကိုယ်ချစ်တယ်"
"baek~~ဘာ မကြားရဘူး"
"yeol~~ချစ်တယ်လို့"
"baek~~ဟယ်လို မကြားရဘူးရှင့်"
ကျွန်မCrushနှင့် တစ်ထောင့်တစ်ည [ က်ြန္မCrushနှင့် တစ်ထောင့်တစ်ည ]Where stories live. Discover now