5.8K 462 14
Episode-27(◑_◑)
"xing~~baekနင်Chanyeolနဲ့ ရန်ဖြစ်လာတာလား?"
"baek~~မဟုတ်ပါဘူးမေမေရာ!! ဘာလဲမေမေ
တို့က ကိုယ့်သမီးအိမ်ပြန်လာတာတောင် မလာစေ
ချင်ဘူးလား?"
"xing~~မလာစေချင်လို့ ပြောနေတာမဟုတ်ဘူး
Baekသမီးကလေး မဟုတ်တော့ဘူး။ အခုခ်ျိန်မှာ
မေမေတို့က သမီးကိုဆိုင်ပဲဆိုင်တာ မပိုင်ဘူး!"
"baek~~baekဒီတစ်ညပဲ အိပ်မှာပါ မနက်ဖြန်
ပြန်မှာ"
ဆူပွပွပြောကာ အပေါ်တက်လာခဲ့သည်။
အခန်းတံခါးတွန်းဖွင့်လိုက်သည်နှင့် အရင်တုန်း
ကအချိန်တွေ ပြန်ရောက်သွားသလို ခံစားရသည်။
မွေ့ယာထက်သို့ ခန္ဓာကိုယ်အား ပစ်ချရင်း
ယောင်ယမ်းကာ ဘေးစောင်းမိတော့ မြင်
နေကျ  ရုပ်ပုံလေးမရှိ။
ကျွန်မမွေးနေ့ကိုတောင် ရှင်မသိဘူးမဟုတ်လား?
ကျွန်မနဲ့ပက်သက်ရင်ရော ရှင်ဘာတစ်ခုမှ
အလေးမထားဘူး မဟုတ်လား??
ကျွန်မကတော့ ရှင်နဲ့ပက်သက်ရင် အရာအားလုံး
အရေးထားတယ်။
ရှင်စိတ်ညစ်မှာရော ရှင်ငြိုငြင်မှာရော
ရှင်နဲ့ပက်သက်သမျှ အရာအားလုံးပဲ။
အခုလည်း ဒီအရုပ်ကြီးမြင်ရင် ရှင်စိတ်ရှုပ်မှာ
စိုးလို့ အိမ်မပြန်ခဲ့တာ!
မေတ္တာဆိုတာ အလျားအနံမရှိပေမဲ့
အသွားအပြန်ရှိတယ်တဲ့!
ဒါပေမဲ့ ရှင်ကျတော့ Baekနဲ့ပက်သတ်လာရင်
တူညီတဲ့ တုံ့ပြန်မှုမျို.းရှိမနေရတာလဲ …Yeolရယ်။
Chanbaek…………………………………614
တိတ်ဆိတ်မှောင်မိုက်နေတဲ့ အခန်းအလယ်မှာ
တစ်ယောက်တည်းထိုင်ရင်း ဝမ်းနည်းစိတ်ကို
အရင်းခံစီးဆင်းလာတဲ့ မျက်ရည်တွေက ပါးပြင်မှာ
အတိုင်းသား။
အနားမှာလွင့်လွင့်လူးလူး ဖြစ်နေရတဲ့
ရောင်စုံဘောလုံးလေးတွေ ။
ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုကို လှောင်ပြောင်နေတာလား?
ကျွန်တော်ကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့ အရာတွေအားလုံးကို ကျွန်တော်လက်နဲ့
ပြန်ဖျက်ဆီးရတာ အဟက် လွယ်တော့မလွယ်ဘူး။
ကျွန်မCrushနှင့် တစ်ထောင့်တစ်ည [ က်ြန္မCrushနှင့် တစ်ထောင့်တစ်ည ]Where stories live. Discover now