*•Prologue•*

25.1K 983 9
                                    


°•BELONGS TO•°
*•Prologue•*
ChanBaek BaekYeol
Yaoi

မိမိအား စိတ်ဝင်စားနေသည်ဟု ကျွန်တော် ထင်မိသည့် သူတစ်ယောက်တွေ့လျှင် ထိုသူကို သူများထက် ပိုပြီး အာရုံစိုက်နေမိတတ်သည်မှာ ကျွန်တော့်အကျင့်တစ်ခု..။ အဲ့သည်လို အာရုံစိုက်နေမိရာက နည်းနည်းလောက် စွဲလမ်းသွားမိတာမျိုးလည်း ဖြစ်တတ်သည်။

သို့သော်လည်း ရယ်စရာ ကောင်းစွာပဲ ကျွန်တော့်ကို သဘောကျနေသည်ဟု ကျွန်တော် တစ်ဖက်သတ် ထင်မြင်မိသည့် သူတိုင်းလိုလိုက အမှန်တွင် ကျွန်တော်မဟုတ်သည့် တခြားတစ်ယောက်ယောက်ကိုသာ စိတ်ဝင်စားနေတာမျိုးချည်းသာ ဖြစ်နေတတ်သည်။

သို့သော်လည်း မိမိကို သဘောကျနေခြင်း မဟုတ်မှန်း ကျွန်တော် သိရသည့်အခါတွင် ဘာမျှ ထူးထူးထွေထွေ မခံစားရ..။ ချက်ချင်း ခေါင်းထဲက ထုတ်ပစ်တတ်သည်။

အထက်တန်းနောက်ဆုံးနှစ် မရောက်ခင်အထိ ကျွန်တော့် နှလုံးသားထဲ အချစ်ဆိုသည်ကို တစ်ခါမျှ မခံစားခဲ့ဖူး။

သို့ရာတွင် အဝေးတစ်နေရာသို့ ထွက်သွားမည့် သူတစ်ယောက်ကို ကျွန်တော် တစ်ဖက်သတ် ချစ်ခဲ့သည်...။

ကျွန်တော် သူနှင့် ဝေးနေရသည့်တိုင် ကျွန်တော့် သစ္စာ မပြောင်းလဲဘူးဟု ထင်ခဲ့သော်လည်း~

ကျွန်တော့်အကျင့်အတိုင်း ကျွန်တော့်ကို သဘောကျနေသည်ဟု ကျွန်တော့်ဖာသာ ကျွန်တော် ထင်မြင်နေမိသည့် သူတစ်ယောက်ကို အာရုံစိုက်နေမိရာကနေ...

အဝေးက တစ်ဖက်သတ်ချစ်ရသူအပေါ် ထားရှိသည့် ကျွန်တော့် မေတ္တာ သစ္စာတို့ ပျက်ပြယ်သွားခဲ့ရသည်။

__________________
__________________________

#ChanBaekLove
#EternalChanBaek

°•Belongs To•°Where stories live. Discover now