*•Chapter Fourteen•*

6.6K 647 12
                                    


°•BELONGS TO•°
Chapter Fourteen
ChanBaek BaekYeol
Yaoi

နောက်ဆုံး၌ ကျွန်တော် single ဘဝမှ လွတ်ကျွတ်ကာ in a relationship ဘဝသို့ ရောက်ရပြီ။ သို့ပေမယ့် ခုချိန်ထိ ကျွန်တော့်နေ့စဉ်ဘဝဟာ single တစ်ယောက်၏ နေ့စဉ်ဘဝအတိုင်းပါပဲ။

ကျွန်တော် အထက်တန်းပထမနှစ်ကတည်းက ချစ်ခဲ့ရသည့် YiFan hyung နှင့် ချစ်သူဖြစ်ပြီး နောက်တစ်ရက်မှာပင် hyung က အလုပ်ကိစ္စကြောင့် China သို့ ပြန်သွားခဲ့ရသည်။

အရင်ကလည်း hyung က ကျွန်တော် ရှိနေသည့် နိုင်ငံမှာ နေထိုင်ခဲ့သည်မှ မဟုတ်ပဲ။ ချစ်သူတွေ ဖြစ်သွားကြပြီမို့ သူ့အနားမှာ နေပြီး အချိန်အချို့ကို အတူ ကုန်ဆုံးချင်သော်ငြား သိပ်ပြီး ထူးထူးထွေထွေ လွမ်းဆွတ်သတိရနေမိတာမျိုး မရှိ။

ကျွန်တော့်အဖို့ တစ်နေ့တာဟာ ပုံမှန်အတိုင်း တက္ကသိုလ်သွား၊ စာသင်၊ သူငယ်ချင်းများနှင့် စကားပြော.. ဤသို့ဖြင့်သာ ကုန်ဆုံးခဲ့သည်။ အရင်နှင့်မတူသည်က ညတိုင်း hyung နှင့် video call ခေါ်ကာ စကားပြောဖြစ်ကြခြင်းပင်။

နောက်ထပ် အရင်နှင့်မတူ ပြောင်းလဲသွားသည့်အခြေအနေတစ်ခု ရှိသေးသည်။
ဤသည်မှာ ChanYeol နှင့် ကျွန်တော်၏ သူငယ်ချင်း ဆက်ဆံရေး။

ဟုတ်ပါသည်။
သူဟာ ဘယ်လိုလုပ်ပြီး ကျွန်တော့်အပေါ် ပေါ့ပေါ့ပါးပါးနှင့် ရိုးရိုးသာမန် သူငယ်ချင်း တစ်ယောက်လို ဆက်ဆံနိုင်ပါတော့မလဲ။

လုံးဝ မခေါ်မပြောနိုင် ဖြစ်သွားသည်မျိုးတော့ မဟုတ်။ အရင်လို break time ဆိုလျှင် canteen မှာ ကျွန်တော်တို့နှင့် တစ်ဝိုင်းတည်း ထိုင်စားမြဲ။ သို့သော် ဟက်ဟက်ပက်ပက် စကားပြောခြင်းမျိုး မရှိတော့။ တစ်ခွန်းတလေသာ ဝင်ပြောတတ်ပြီး အချိန်အတော်များများမှာ နှုတ်ဆိတ်နေတတ်သည်။

သူ အရင်ကလောက် ပြုံးပြုံးရယ်ရယ် ပျော်ပျော်ရွှင်ရွှင် မရှိတော့။ Park ChanYeol ၏ 'happy virus' ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်လို့ လာသည်။ ထိုသို့ ဖြစ်ရခြင်း အကြောင်းအရင်းက ကျွန်တော် ဟူသည်ကို သိနေသဖြင့် ဘယ်လိုမှ စိတ်မကောင်းနိုင်။

°•Belongs To•°Where stories live. Discover now