*•Chapter Seven•*

7.9K 763 24
                                    


°•BELONGS TO•°
*•Chapter Seven•*
ChanBaek BaekYeol
Yaoi

"Hyung!"

ကျွန်တော် ချစ်ရသည့် hyung ဟာ ခန့်ညားပြီး ချောမောလွန်းသည်။
ဆံပင် နီညိုရောင်၊ hoodie အနက်၊ Jeans ပြာပြာနှင့် hyung သည် ချောချင်တိုင်း ချောနေသည်။

"ဟော.. BaekHyunee ပြန်လာပြီ"

hyung သည် ကျွန်တော့်မိခင်နှင့် ထိုင်စကားပြောနေရာက ထလာပြီး ကျွန်တော့်ကို နွေးထွေးသော အပြုံးတစ်ခု ပေးကာ ဖက်လိုက်သည်။

"သတိရနေတာ.."

မလုပ်ပါနဲ့..
ကျွန်တော် တားမြစ်ချင်သည်။

ဒီစကား ဒီအပြုအမူများဟာ ကျွန်တော့်ကို မထားသင့်သည့် မျှော်လင့်ချက်များ ထားမိလာအောင် ပြုလုပ်နိုင်သည်။

ကျေးဇူးပြု၍ ပိုင်ရှင်ရှိပြီးသား hyung အပေါ် ကျွန်တော် ဒီအတိုင်း ဘာလောဘ ဘာမျှော်လင့်ချက်မှ မရှိပဲ ချစ်နေပါရစေ။

"Hyung ကိုရီးယား ပြန်ရောက်နေတာ ကျွန်တော် မသိလိုက်ဘူး.."

ခု hyung က ကျွန်တော့်အခန်းထဲ ခုံတစ်ခုံမှာ ထိုင်လို့။ ကျွန်တော်က ကုတင်ပေါ်မှာ..။

အေးအေးဆေးဆေး စကားပြောလို့ ရရန် ထင်ပါရဲ့..။ hyung က ကျွန်တော့် အခန်းထဲမှာ စကားပြောကြရအောင်တဲ့လေ။

"အာ့ဆို BaekHyunee က အင်တာနက်မသုံးဖြစ်ဘူး ထင်တယ်.. ကိုယ် အခု ဒီမှာ ရုပ်ရှင်ရိုက်စရာ ရှိလို့။ ကြာကြာလေး နေဖြစ်မယ်"

hyung သုံးနှုန်းလိုက်သော 'ကိုယ်' ဟူသည့် အသုံးအနှုန်းကြောင့် ကျွန်တော် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

အရင်က အမြဲတမ်း သူ့ကိုယ်သူ 'hyung' ဟူ၍သာ သုံးနှုန်းခဲ့သည် မဟုတ်လား။

နောက်ပြီး hyung နှင့် ပတ်သက်၍ ကျွန်တော် သိပ်ဂရုမစိုက်မိသလို ဖြစ်နေသည်ကို သတိထားမိသည်။

အရင်က hyung မှာ ရှိသမျှ schedule များကို ကျွန်တော် လိုက် stalk နေခဲ့သည် မဟုတ်လား။

°•Belongs To•°Where stories live. Discover now