*•Chapter Five•*

8.2K 796 3
                                    


°•BELONGS TO•°
*•Chapter Five•*
ChanBaek BaekYeol
Yaoi

ထိုင်ခုံပေါ် ငြိမ်ငြိမ်စိမ်စိမ် မထိုင်နိုင်ပဲ ဖင်တကြွကြွ ဖြစ်နေသည်မှာ အကြိမ်ကြိမ်..။

ကိုယ့်ထက် အသက်တစ်နှစ်ကြီးသော စီနီယာများကို ကျိန်ဆဲနေမိသည်မှာလည်း အခေါက်ပေါင်းများစွာ..။

ကွင်းထဲ ပြေးနေသော ChanYeol ကို တောက်လျှောက်လိုက်ကြည့်နေရင်း ကျွန်တော်ပါ ကွင်းထဲ ဝင်ပြေးနေရသလို မောဟိုက်လာခဲ့သည်။

သူ့တကိုယ်လုံး ချွေးတွေ ရွှဲနေသလို ကျွန်တော့်နဖူးပြင်မှာလည်း ဘာမှမလုပ်ရပါပဲနှင့် ချွေးတွေစို့လာ၏။

ခုက ပွဲပြီးဖို့ မိနစ်နှစ်ဆယ်လောက်သာ လိုတော့သည်။ ကျွန်တော်တို့နှစ်ဘက်က တစ်ဂိုးရှုံးနေသေး၏။

ဘယ်သောအခါမှ ဘောလုံးပွဲတစ်ပွဲကို ပွဲပြီးဆုံးသည်ထိ စိတ်ပါလက်ပါ ကြည့်လေ့မရှိသူ ကျွန်တော်.. အသင်းတစ်သင်းကို အသည်းအသန် အားပေးလေ့ မရှိသူ ကျွန်တော်..
ခုတော့ ရင်တထိတ်ထိတ်ဖြင့် ကျွန်တော်တို့နှစ်အသင်း နိုင်ဖို့ အသည်းအသန် မျှော်လင့်နေမိပါရောလား~

ChanYeol မှာ ခြေထောက်နာနေရသည့်ကြားထဲ သူ့ဆီ ဘောလုံးရောက်လာလျှင် အကောင်းဆုံး ကန်ဖို့ ကြိုးစားနေပါလျက် သူ့ရှေ့၌ ကိုယ်လုံးအကြီးကြီးဖြင့် ကာဆီးကာဆီးလုပ်နေသော စီနီယာတစ်ယောက်ကြောင့် ထင်သလောက် ဘောလုံးကို လိုရာသို့ မသယ်ဆောင်နိုင်။

ကျွန်တော်လည်း စိတ်ထဲကနေ သူ့ရှေ့ပိတ်ကာနေသော ထိုစီနီယာကို ဆဲနည်းပေါင်းစုံဖြင့် ဆဲပြီးနေပြီ။

"ဟာ!!! ဒါ သက်သက် ယုတ်မာတာ~"

"အနီကဒ်! အနီကဒ်!!"

"လူချတယ်.. တော်တော်ဆိုးတာပဲ"

ပွဲကြည့်စင်က လူအများထံမှ ရေရွတ်သံပေါင်းစုံနှင့် တဖက်အသင်းက အနီကဒ် ပြခံလိုက်ရသည်။
ယခု ကျွန်တော်တို့နှစ်အသင်းက တစ်ဖက်အသင်းကို ပယ်နယ်တီ ကန်သွင်းရတော့မည်..

°•Belongs To•°Where stories live. Discover now